Healthy Life Ad
Life Style

မိန်းမတစ်ယောက်၏ ဘဝမှာ . .

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

အခုအခါမှာ တစ်ကမ္ဘာလုံးဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အရင်ကထက် အလေးပေး ဆွေး နွေးလာနေကြပြီ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အပြောင်းအလဲများ
အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကိုယ်ဝန်ဆောင်ချိန်က အလွန်အရေးပါတဲ့ အချိန်ကာလပါ။ အဲဒီအချိန်မှာ သူ့အတွက် သင့်တော်တဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ ကုသမှုနဲ့ သတင်းအချက်အလက်ဗဟုသုတအားလုံး ပြည့်စုံနေဖို့ လိုပါတယ်။
အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ချိန်မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေက လိင်စိတ်ဆန္ဒ အပြောင်းအလဲ၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ပျို့ချင်အန်ချင်တာ၊ မောပန်းနွမ်းနယ်တာ၊ မကြာခဏ ဆီး သွားတာ၊ ရင်သားနဲ့နို့သီးခေါင်းဟာ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲတာ၊ ရာသီမလာတော့တာ စတာတွေ ဖြစ် တတ်ပါတယ်။

သွေးဆုံးချိန်
အမျိုးသမီးတစ်ဦးဟာ ၁၂ လအတွင်း ရာသီမလာတော့ဘူးဆိုရင် သွေးဆုံးပြီလို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့သားဥအိမ်က လုပ်ငန်းဆောင်တာ မလုပ်တော့ပါဘူး။ အဲဒီအချိန်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေက-
– လိင်ဆက်ဆံစဉ် နာကျင်တာ၊ ကသိကအောက်ဖြစ်တာ၊ မိန်းမကိုယ်ခြောက်သွေ့တာ၊
-တစ်ကိုယ်လုံး၊ အထူးသဖြင့် ရင်ဘတ်နဲ့ ဦးခေါင်းအထိ ပူနွေးတဲ့ ခံစားချက်ဖြစ်ပေါ်တာ၊ (အထူးသဖြင့် သွေးဆုံးချိန်ကာလရောက်ချိန်မှာ အမျိုးသမီးတွေက ညဘက် ချွေးထွက်များပြီး ပူနွေးတဲ့ဝေဒနာ ရတတ်ပါတယ်)

ရင်သားကင်ဆာ
ရင်သားဆဲလ်တွေမှာ ကင်ဆာအကျိတ်ဖြစ်ပေါ် တာကို ရင်သားကင်ဆာလို့ ခေါ်ပေမယ့် အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ရင်သားတစ်ဝိုက် ရောင်ရမ်းတာ၊ ရင်သားချိုင့်ဝင်တာ၊ ရင်သား ဒါမှမဟုတ် နို့သီးခေါင်းနာကျင်တာ၊ နီမြန်းတာ၊ နို့သီးခေါင်းကနေ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းတာ စတာတွေက ရင်သားကင်ဆာလက္ခဏာတွေ ဖြစ်ကြပါတယ်။ အသက် ၄၀ နဲ့ အထက် အမျိုးသမီးတွေက နှစ်စဉ်နှစ်တိုင်း ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။

နှလုံးရောဂါ
အမျိုးသားတွေနည်းတူ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ အသံတိတ်လူသတ်သမားပါ။ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာရဲ့ လေ့လာမှုအရ အကြမ်းအားဖြင့် အမျိုးသမီး ၂၉ ရာခိုင်နှုန်းက နှလုံး ရောဂါကြောင့် သေဆုံးနေတယ်လို့ သိရပါတယ်။
အသက် ၆၀ အရွယ်မှာ နှလုံးရောဂါနဲ့ သေဆုံးသူ အမျိုးသမီးဦးရေ အလွန်များတယ်လို့ လေ့လာမှုတွေက ဆိုထားတဲ့အတွက် အမျိုးသမီးတိုင်း နှလုံး ကျန်းမာရေးစစ်ဆေးမှုကို မဖြစ်မနေ ခံယူသင့်ပါတယ်။
( Ref;HD )

Most Popular

Healthy Life Ad
To Top