Healthy Life Ad
Child

သွန်းဆက်၏ ကျန်းမာလှပ လူမှုဘဝ

တစ်နေ့တာ အသားအရေထိန်းသိမ်းမှုပုံစံ
သွန်းဆက်တို့က ရှုတင်သွားတဲ့အခါနဲ့အပြင် တခြားပွဲတွေသွားတဲ့အခါမှာ မိတ်ကပ်ကို အမြဲတမ်းလိမ်းရတော့ အိမ်ပြန်ရောက်ရင် မိတ်ကပ်ကို သေချာဖျက် တယ်၊ ပြီးတော့ ကိုယ်နဲ့တည့်တဲ့ Skin Care ကို သုံးဖြစ်ပါတယ်၊ လိုးရှင်းလည်း အမြဲတမ်းလိမ်းဖြစ်ပါတယ်။

သဘာဝကုထုံး လုပ်ဖြစ် . .
သွန်းဆက်က အားတဲ့အချိန်မှာ Spa သွားပြီး အသားအရေအတွက် ကောင်းစေတဲ့ ဆေးဖက်ဝင်တဲ့ ဂျင်းတို့၊ ပန်းပွင့်တို့နဲ့ ခန္ဓာကိုယ်ကို စိမ်တာမျိုး လုပ်ဖြစ်ပါတယ်၊ အိမ်မှာလည်း သဘာဝကုထုံးတွေ လုပ်ဖြစ်တယ်၊ မျက်နှာကို သခွားသီးကပ်တာနဲ့ ရှားစောင်းလက် ပပ်ပင်ရဲ့ အနှစ်သားနဲ့ ဆံပင်ကို လိမ်းတာတို့ လုပ်ဖြစ်ပါတယ်၊ ပုံမှန်အားဖြင့် မျက်နှာကို သခွားသီး၊ ခရမ်းချဉ် သီးတို့နဲ့ အသားအရေလှပအောင် လုပ်ဖြစ်တာ များပါတယ်။

ရှုတင်မှာ ခေါင်းပေါ် ဘတ္ထရီတုံးကြီး ပြုတ်ကျပြီး ခေါင်းမူးခဲ့ဖူး
ရှုတင်မှာတင် မဟုတ်ပါဘူး။ သွန်းဆက်ရဲ့ အသားအရေကနေအရမ်းပူရင် မျက်နှာက နီလာတတ်တယ်၊ ပြီးတော့ သွန်းဆက်မျက်နှာက ထိခိုက်လွယ်တဲ့ အသားအရေမျိုးထဲမှာပါတယ်၊ တစ်ခါတလေ ရှုတင်မှာ နေပူလာရင်မျက်နှာက နီလာတော့ “သွန်းဆက် နင်သောက်လာတာလား၊ ဘာညာနဲ့”စတာမျိုး ရှိခဲ့ဖူးတယ်၊ သွန်းဆက် အရမ်းရယ်လိုက်ရင်လည်း မျက်နှာက နီလာတတ် တယ်၊ ကျန်းမာရေးကြောင့်တော့ အခက်အခဲတစ်ခုကြုံခဲ့ဖူးတယ် ၊ရိုက်ကူးရေးလုပ်နေတုန်း
ခေါင်းပေါ်မှာ Lighting ပေးနေတဲ့ ဘတ္ထရီတုံးကြီး ပြုတ်ကျတာ အရမ်းနာကျင်ပြီး ခေါင်းတွေမူး၊ သွေးတွေထွက်တဲ့အထိဖြစ်ခဲ့ဘူးတယ်၊

အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိတ်ကပ်ဆရာနဲ့ ပြင်ဖြစ် . . .
သွန်းဆက်က မိတ်ကပ်ဆရာနဲ့လည်း လိမ်းတယ်၊ ကိုယ်တိုင်လည်း လိမ်းဖြစ်ပါတယ်၊ ရိုက်ကူးရေးမှာ အရေးကြီးတဲ့ အခန်းလေးတွေဆို မိတ် ကပ်ဆရာနဲ့ လိမ်းပါတယ်၊

နှာခေါင်းနဲ့ နှုတ်ခမ်းပြင်ရတာ သဘောကျ
သွန်းဆက်က မိတ်ကပ်ကို ကိုယ်တိုင်လိမ်းရင် နှာတံဖော်ရ တာကြိုက်တယ်၊ ပြီး တော့ နှုတ်ခမ်းနီတောက်တောက်လေးတွေ ဆိုးရတာ အရမ်းကြိုက်တယ်။

Skin Care ပြောင်းသုံးရင် အဖုအပိမ့်ပေါက်တတ်
သွန်းဆက်ရဲ့ မျက်နှာက အဖုအပိမ့်ပေါက်တတ်ပါ တယ်၊ အထူးသဖြင့် Skin Care ပြောင်းသုံးရင်လည်း ဝက်ခြံပေါက်တတ်တယ်၊ တစ်ခါတလေ သွန်းဆက်က “အဲဒီပစ္စည်းက အရမ်းကောင်းတယ်၊ သုံးကြည့်”လို့ သူ များတွေကပြောရင် ဝယ်သုံးမိလိုက်တာမျိုးရှိတယ်၊ အဲဒီအခါ သွန်းဆက်ရဲ့ အသားအရေနဲ့ မတည့်တာ အဖုအပိမ့်ပေါက်တယ်၊ ရာသီဥတု အရမ်းပူရင်လည်း ဇာတ်ကား ရိုက်နေ ရင်းတောင် အဖုအပိမ့်ထွက်လာ တာမျိုးရှိတယ်။

လက်ရှိ သွန်းဆက် သုံးနေကျ မိတ်ကပ်….
သွန်းဆက်သုံးနေကျ မိတ်ကပ်အမျိုးအစားက တော့ MAC သုံးတယ်။ ပြီးတော့ Skin Care အတွက်ဆို SKB သုံးဖြစ်ပါတယ်။

အားလပ်ချိန်ကို မိသားစုနဲ့ ကုန်ဆုံးတာများ . .
သွန်းဆက်က အားလပ်ချိန်ဆို အိမ်မှာ တီဗီ ကြည့်တယ်၊ သီချင်းဆိုတယ်၊ များ သောအားဖြင့် မိသားစုနဲ့ပဲ အချိန်ကုန်တာများပါတယ်၊ တစ်ခါတလေ ညပိုင်း dinner သွားစားဖြစ်ပါတယ်။

ကောလဟလကို ဂရုမစိုက်ဘဲ အလုပ်ကိုပဲ ကြိုးစား
ကောလဟလကြောင့်တော့ အနုပညာအလုပ်ကို စွန့်လွတ်ချင်စိတ်မဖြစ်ဖူးပါဘူး၊ သွန်းဆက်အကြောင်းကို ဂျာနယ်တွေမှာ မဟုတ်ဘဲနဲ့ ရေးခံရတာကြုံဖူးတယ်၊ ပုတ်ခတ်ပြီးပြောတာပေါ့၊ သွန်းဆက်က သိပ်ဂရုမစိုက်ဘူး၊ ကိုယ်ဘာလုပ်တယ်ဆိုတာ ဘုရားသိတယ်၊ ကိုယ်စောင့်နတ်သိတယ်၊ သွန်းဆက်မိဘ၊ ဆွေမျိုး အ သိုင်းအဝိုင်းကလည်းသိတဲ့ အတွက် ကောလဟလသတင်းကိုပြန်ပြီး တုန့်ပြန်ခဲ့တာမျိုးတော့မရှိပါဘူး၊ ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်ဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်လာရင် ပင်လယ်ကြီးဆီ သွားအော်ချင်
သွန်းဆက်က စိတ်ဖိစီးမှုဖြစ်လာရင် ကိုးရီးကားထဲကလိုမျိုး ပင်လယ်ကြီးကိုသွား ပြီး အော်ပစ်လိုက်ချင်တယ်၊ ရန်ကုန်မှာနေတာဆိုတော့ ပင်လယ်နဲ့ဝေးတယ်၊ အော်လို့မရဘူးပေါ့၊ အဲဒီတော့ စိတ်ဖိစီးမှုများတဲ့အခါ အိမ်မှာပဲ သီချင်းအကျယ် ကြီးဖွင့်ပြီး သီချင်းအော်ဆိုလိုက်တယ်၊ တစ်ခါတလေကျရင်လည်း စာဖတ်လိုက်တယ်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်လိုက်ပါတယ်။

နယ်ခရီးသွားရင် ဆေးဝါးအစုံအလင် ယူသွား . . .
သွန်းဆက် နယ်ခရီးတွေ၊ ရိုက်ကူးရေးတွေ ရှုတင်တွေ သွားဖြစ်ရင် ဆေးဝါးအစုံအလင် ယူဆောင်သွားဖြစ်တယ်၊ကိုယ့်ကျန်းမာရေးအတွက်တင်မကဘဲ ခရီးအတူသွားတဲ့ သူတွေအတွက်ပါ တစ်ခုခုဖြစ်ရင် သုံးစွဲလို့ရအောင်ဆောင်သွား လေ့ရှိပါတယ်၊ သွန်းဆက်မထည့်ဖြစ်ဘူးဆိုရင်တောင် အမေက အကုန်သတိပေး ထည့်ပေးတယ်။

ရာသီမရွေး နှာစီးတတ်..
သွန်းဆက်ငယ်ငယ်ကတော့ အရမ်းချူချာတယ်လို့ ပြောတယ်၊ အခုကြီးလာတော့ ကျန်းမာရေး အရမ်းချူချာတာမျိုးမရှိပါဘူး၊ သွန်းဆက်က ပူတဲ့ရာသီဖြစ်ဖြစ်၊ အေးတဲ့ရာသီဖြစ်ဖြစ် နှာအရမ်းစီးတတ်တယ်။

ရေကူးအားကစား စိတ်ဝင်စား….
သွန်းဆက်က အားကစားအနေနဲ့ ပြေးတယ်၊ ခါးကွင်းလှည့်ဖြစ်တယ်၊ အရင် Gym ဆော့ဖြစ်တယ်၊ အခုနောက်ပိုင်း ရှုတင်တွေနဲ့ မအားတော့ မလုပ်ဖြစ်တော့ဘူး၊ သွန်းဆက် အားကစားထဲမှာ ရေကူးတာကို ကျွမ်းကျွမ်းကျင် ကျင်တတ်ချင်တယ်။

ဝိတ်မတက်အောင် ညစာမစားဘဲ လျှော့ချဖြစ် . .
သွန်းဆက် အရင်က အရမ်းဝိတ်တက်ခဲ့သေးတယ်၊ အဲ့ဒါ အိမ်က ညစာ မစားခိုင်ဘူး၊ ဝိတ်ကျအောင်လို့ဆိုပြီး ညစာကို လုံးဝမစားဘဲ ဝိတ်ချခဲ့တယ်။ ပြီးတော့ အသီးအနှံများများစားတယ်၊ အဆီအအိမ့်တွေလည်းရှောင်ဖြစ်ပါတယ်၊ အားကစားလည်းလုပ်ဖြစ် ပါတယ်။

ပရိသတ်ကို သွန်းဆက် ပေးချင်တဲ့ အကြံဉာဏ် . .
ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါတစ်ခုခုဖြစ်တယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းတွေသွားပြီးတတ် ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကုသတာအကောင်းဆုံးပဲလို့ ပြောချင်ပါတယ်၊ အသားအရေအတွက် Skin Care သုံးမယ်ဆိုရင်လည်း ဈေးကြီးတာဖြစ်ဖြစ်၊ ဈေးပေါတာဖြစ်ဖြစ် ကိုယ်နဲ့ အဆင်ပြေတဲ့ ပစ္စည်းမျိုး သုံးသင့်ပါတယ်၊ ကျန်းမာရေးအတွက်လည်း ဗဟုသုတတွေ လေ့လာကြပါ ကျန်းမာရေး စာပေတွေ၊ ဆောင်းပါးတွေဖတ်ကြပါလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top