Healthy Life Ad
Q & A

ပန်းသီးစားရင် အခွံနဲ့ စားသင့်သလား

မေး ပန်းသီးစားရင် အခွံနဲ့ စားတာနဲ့ အခွံနွှာစားတာ ဘယ်အရာက ပိုကောင်းပါသလဲ။ ပန်းသီးအခွံတချို့က ဖယောင်းပါတယ်လို့ ပြောကြလို့ပါရှင့်။
ဝင်းဝင်းမေ၊ ပဲခူး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် အာဟာရအထူးကု ဆရာဝန်ကြီး ဖြေကြားပေးပါသည်။

ဖြေ.ပန်းသီးစားရင် အခွံနဲ့စားတာ ပိုကောင်းပါတယ်။ ပန်းသီးနဲ့အခွံကြားမှာ အင်တီအောက်ဆီးဒင့်တွေ အများကြီးရှိနေတဲ့အတွက် အခွံနွှာမစားနဲ့၊ အခွံနဲ့စားလို့ ဆရာမတို့တစ်တွေ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ အခုနိုင်ငံခြားကဝင်လာတဲ့ ပန်းသီးတွေက ဖယောင်းသုတ်ထားပါတယ်။ ဒီတော့ အဲဒီပန်းသီးတွေကို စားမယ်ဆိုရင် ဖယောင်းကိုအရင်ဆုံး စင်ကြယ်နေအောင် ရေနဲ့ပွတ်တိုက်ပြီး ဆေးပေးရပါမယ်။ ပြီးရင်တော့ အင်တီအောက်ဆီးဒင့် အပြည့်ရအောင် ပန်းသီးကို အခွံနဲ့စားတာ ပိုကောင်းပါတယ်။

Most Popular

Healthy Life Ad
To Top