Healthy Life Ad
Health Tips

နွားနို့၏ အလှအပအစွမ်း အံ့မခမ်း

၊ ငွေကြယ်စင်ယံ ၊

သင့်အိမ်က ရေခဲသေတ္တာထဲ နွားနို့တစ်ဘူးရှိရုံနဲ့ အသားအရေနဲ့ ဆံပင်တွေကို လှပစေပါတယ်။

– မျက်နှာသစ်ဆေး
နွားနို့ဟာ မျက်နှာပေါ်မှာ မလိုလားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ အညစ်အကြေးနဲ့ အဆီပိုတွေ ကင်းစင် စေပါတယ်။ နွားနို့ကို ဝါဂွမ်းစနဲ့ နှစ်ပြီး မျက်နှာပေါ် သုတ်လိမ်းကာ ပွတ်တိုက်ပေးပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးလိုက်ပါ။

– အစိုဓာတ်ထိန်းခရင်မ်
မျက်နှာအသားအရေ ခြောက်သွေ့တာ၊ အက်ကွဲတာ၊ ယားယံတာနဲ့ အရေးကြောင်း ထင်တာတွေ အားလုံးဟာ အစိုဓာတ်ထိန်းဖို့ လိုအပ်တဲ့
လက္ခဏာတွေပါ။ နွားနို့မှာ သဘာဝအစိုဓာတ် ထိန်းနိုင်စွမ်း ရှိတဲ့အတွက် မျက်နှာပေါ် ဝါဂွမ်းစလေးနဲ့ တို့လိမ်းပေးပါ။ မိနစ်အနည်း
ငယ် ကြာမှ ရေနဲ့ ဆေးချလိုက်ရမှာ ဖြစ်ပါတယ်။

– အရေပြားဆဲလ်သေ ဖယ်ရှားပေးသည့် အရာ
နွားနို့ထဲမှာပါတဲ့ အပျော့စား အက်ဆစ်တွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင် စေပါတယ်။ နွားနို့ထဲ
အညိုရောင် သကြားထည့်ပြီး မျက်နှာပေါ် သုတ်လိမ်းကာ စက်ဝိုင်းပုံစံ လှည့်လှည်ပေးပါ။ ပြီးမှ ရေနဲ့ သန့်စင်ပေးပါ။

– အမည်းစက်ဖျော့စေသည့် အရာ
မျက်နှာအပြစ်အနာအဆာနဲ့ နေဒဏ်ပြင်းလွန်းတာကြောင့် ဖြစ်တတ်တဲ့ အမည်းစက်တွေကို နို့က ဖုံးအုပ်နိုင်ပါတယ်။ နွားနို့မှာ အပျော့စား
အက်ဆစ်တွေ ပါဝင်တဲ့အတွက် နွားနို့နဲ့ အာလူးကြိတ်ချေထားတဲ့ အရည်ကိုရောပြီး မျက်နှာပေါ် သုတ်လိမ်းပေးရင် အမည်းစက် ဖျော့သွား
စေပါတယ်။

– ချွေးပေါက်ကျဉ်းစေသည့် နို့
ချွေးပေါက်ကျယ်နေရင် နွားနို့ရှိရုံနဲ့ ထိရောက်အောင် လုပ်နိုင်ပါတယ်။ နွားနို့ကို မျက်နှာပေါ် သုတ်လိမ်းပေးတာကြောင့် ချွေးပေါက်
ကျယ်တွေကို ကျုံ့သွားစေပြီး အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။

– ခြေထောက် အညောင်းပြေစေခြင်း
တစ်နေ့လုံး ပင်ပန်းနွမ်းနယ် လာတဲ့အတွက် ခြေထောက်တွေ ညောင်းညာနေပါလိမ့်မယ်။ အဲဒီအခါ လုပ်သင့်တာက ကြက်သီးနွေးရေ တစ်လီတာထဲ နွားနို့နှစ်ခွက်၊ ဆားထမင်းစားဇွန်း လေးဇွန်းနဲ့ ရှမ်ပူအစက်အနည်းငယ် ထည့်မွှေပြီး ခြေထောက်စိမ်ပေးပါ။ ခြေထောက်
ညောင်းညာတောင့်တင်းတဲ့ ဝေဒနာ သက်သာသွားစေ ပါလိမ့်မယ်။

– ဆံပင်သား ပျော့ပျောင်း သန်စွမ်းစေခြင်း
ဈေးကွက်ထဲက ဆံပင်ကွန်ဒီရှင်နာတချို့မှာ နွားနို့ပါတဲ့အတွက် ဆံပင်သား ပျော့ပျောင်းတောက်ပ နူးညံ့စေပါတယ်။ အိမ်မှာနွားနို့နဲ့ ဆံပင်သား ထိန်းသိမ်းချင်ရင် ဒိန်ချဉ်အလွတ်အနည်းငယ်၊ မရောနိစ်နဲ့ နွားနို့အစက်အနည်းငယ် ရောပြီး ဦးရေပြားနဲ့ ဆံပင်သားမှာ သုတ်လိမ်းကာ နှိပ်နယ်ပေးပါ။ ပြီးရင် ခေါင်းစွပ် (Shower Cap) နဲ့ အုပ်ပြီး မိနစ် ၃၀-၄၀ အကြာမှာ ခေါင်းလျှော်လိုက်ရမှာ ဖြစ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top