Healthy Life Ad
Health Tips

လက်ဆစ်ရောင်ရမ်းနာ သက်သာစေမည့် လက်လေ့ကျင့်ခန်းများ

၊ ကိုထက် ၊

လက်ဆစ်ရောင်ရမ်းမှုကြောင့် နာကျင်နေရင် သက်သာစေဖို့ အောက်ပါ လက်လေ့ကျင့်ခန်း ရှစ်မျိုးကို နေ့စဉ် လုပ်ဆောင် ပေးသင့်ပါတယ်။

H6
(၁) လက်သီးဆုပ်ပါ
လက်မကို ဝှက်ပြီး လက်သီးဆုပ်ရမှာ ဖြစ်ပါတယ်။

H9
(၂) လက်မကို ကွေးပါ
ဘယ်ညာ လက်ဖဝါးနှစ်ဖက်ယှက်ကာ လက်မတွေကို ကွေးပါ။

H7
(၃) လက်ချောင်းများ ကွေးပါ
လက်ချောင်း တစ်ချောင်းစီကို ကွေးသွားအောင် တခြားလက်ရဲ့ လက်ချောင်းနဲ့ ဖိပေးရမှာ ဖြစ်ပါတယ်။

H8
(၄) လက်သီးဆုပ်ကာ ‘ ဥ’ ပုံစံ ထားပါ
ဘယ်လက်ဖဝါးနဲ့ ညာလက်ဖဝါးကို အိုပုံစံ ရအောင် ဆုပ်ပေးပါ။

H1
(၅) စားပွဲပေါ် လက်မ ကွေးတင်ပါ
စားပွဲပေါ်မှာ လက်မဖိပြီး ကွေးလိုက်ပါ။

H2
(၆) လက်ချောင်းကို မြှင့်တင်ပါ
လက်ဖဝါးချထားတဲ့ အနေအထားကနေ လက်ချောင်း တစ်ချောင်းချင်းစီကို မြှင့်လိုက်ပါ။

H3
(၇) လက်ဖဝါးဖြန့်ပြီး လက်သီးဆုပ်ပါ
လက်ဖဝါးကို ဖြန့်လိုက် လက်သီးဆုပ်လိုက် လုပ်ပေးပါ။

H5
(၈) လက်ကောက်ဝတ်ကို ဆွဲဆန့်ပါ
ဘယ်လက်ကို ညာလက်နဲ့ ဆွဲဖိကာ လက်ကောက်ဝတ်ကို ဆွဲဆန့်တဲ့ လေ့ကျင့်ခန်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် တခြားဘက်
ပြောင်းလုပ်ပါ။

Most Popular

Healthy Life Ad
To Top