Healthy Life Ad
Health Tips

အရေပြားအတွက် ထိရောက်သော အရေးပေါ် ကုထုံးများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

(၁) အရေပြားတွင် အစင်းရာပေါ်ခြင်း
နေပူဒဏ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ရေကူးကန်ထဲက ကလိုရင်း ကြောင့်ပဲ ဖြစ်ဖြစ် အရေပြားမှာ အစင်းရာ ထင်ရင် စိတ်မညစ် လိုက်ပါနဲ့။ ရေချိုးပြီးတဲ့အခါ အဲဒီနေရာကို ချက်ချင်း တဘက်နဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်ရင် မှိန်ဖျော့သွားမှာပါ။

(၂) ဝက်ခြံဖုပေါက်ခြင်း
အရေပြားပေါ်မှာ ဝက်ခြံဖုလို အဖုအပိမ့်ပေါက်ပြီး နီမြန်း နေရင် မျက်စဉ်းဆေးကို နားကျပ်တံဂွမ်းလုံး နဲ့ တို့ပြီး ဝက်ခြံဖုထိပ်ပေါ် တို့ပေးပါ။ မိနစ်အနည်းငယ် ကြာရင် သွေးကြောကျုံ့ပြီး ဝက်ခြံဖုရဲ့ နီမြန်းမှု သက်သာသွား ပါလိမ့်မယ်။

(၃) နှုတ်ခမ်းကွဲခြင်း
နှုတ်ခမ်းသား ကွဲရင် သံလွင်ဆီစစ်စစ် လိမ်းလိုက်ပါ။ သံလွင်ဆီမှာ အစိုဓာတ် ထိန်းနိုင်စွမ်းရှိပြီး အင်တီ- အောက်ဆီးဒင့် ရှိတာကြောင့် ဖရီးရယ် ဒီကယ်တွေ ကင်းစင်စေပြီး နှုတ်ခမ်းသား စိုပြည်စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top