Healthy Life Ad
Health Tips

စိုးရိမ်စိတ်ကို ကုစားနိုင်မည့် အစာများ

စိုးရိမ်စိတ်တွေ၊ ပူပင်သောကတွေနဲ့ စိတ်ထဲဝမ်းနည်းနေချိန်မှာ ဒီခံစားချက်တွေကို ကုစားနိုင်စေမယ့် အစာတွေကို ရွေးချယ်စားသင့်ပါတယ်။

(၁) ကောက်နှံတစ်ခုလုံးနှင့် လုပ်ထားသောအစာ

ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေက ပူပင်သောကကို တွန်းလှန်နိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာထဲမှာ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် စိုးရိမ်စိတ်ကို သက်သာစေပါတယ်။ ဒါ့အပြင် ထရစ်ပတိုဖန် ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင်အဖြစ် ကူးပြောင်းသွား ပါတယ်။ စိတ်ဓာတ်ကျသူနဲ့ ပူပင်သောကများ နေသူတွေမှာ ဆီရိုတိုနင်ဓာတ်ချို့တဲ့နေတတ် ပါတယ်။

(၂) ပင်လယ်ရေညှိ

ကောက်နှံတစ်ခုလုံးအစာလိုပဲ ပင်လယ်ရေညှိမှ အာဟာရဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ထရစ်ပတိုဖန်လည်း ပါဝင်မှုများပါတယ်။

(၃) ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ဗီတာမင်ဓာတ်တွေ၊ အင်တီအောက်ဆီးဒင့်တွေနဲ့ ဖိုင်တိုနျူးထရီး ရန့်တွေ ပါဝင်မှုများတာကြောင့် စိတ်ဖိစီးမှုကို သက်သာစေပြီး ပူပင်သောကကို လျော့ပါးစေပါတယ်။ ဘလူးဘယ်ရီသီးမှာ စိတ်တည်ငြိမ် အေးချမ်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ပူပင်စိတ်ကို တွန်းလှန်ပေးနိုင်ပါတယ်။

(၄) ချောကလက်

အညိုရောင် ချောကလက်ဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက ကော်တီစောအဆင့်ကို လျော့ကျစေပါတယ်။ ကော်တီစောက စိုးရိမ်စိတ်နဲ့ ပူပင်သောကကို တိုးစေတဲ့ဟော်မုန်းပါ။ အညိုရောင် ချောကလက်မှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်ဟာ ဖရီး ရယ်ဒီကယ်တွေကို ဖယ်ရှားပေးပြီး ဆီရိုတိုနင် အဆင့်ကို တိုးစေပါတယ်။

(၅) Almond  အစေ့

Almond  အစေ့မှာ ဗီတာမင်၊ အာဟာရ ဓာတ်တွေနဲ့သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။ ဒီအစေ့အဆန်မှာပါဝင်တဲ့ ကောင်းတဲ့အဆီဟာ ဦးနှောက် ထိခိုက်မှုကို သက်သာစေပြီး စွမ်းအင်တိုးစေပါတယ်။ ဒါ့အပြင် စိုးရိမ်သောကကို လျော့ကျစေပါတယ်။

ရှောင်ရမည့် အစာများ

ဆီကြော်စာတွေ၊
အဖြူရောင် သကြား၊
အရက်၊ ဘီယာစတဲ့ အယ်လ်ကိုဟောပါတဲ့ အရည်တွေ၊
ကဖင်းဓာတ်များများ စတာတွေက စိုးရိမ် စိတ်ကိုလွန်ကဲစေတဲ့ အစားအသောက်တွေဖြစ်လို့ရှောင်သင့်ပါတယ်။

Ref:HD

Most Popular

Healthy Life Ad
To Top