Healthy Life Ad
Health Tips

တကယ်အလုပ်ဖြစ်သော်လည်း လူသိနည်းသော အလှအပဆိုင်ရာ အချက်များ

၊ ငွေကြယ်စင်ယံ ၊

(၁) ချိုင်းဖြူစေရန် အာလူးသုံးခြင်း
အာလူးကို ထက်ခြမ်း ခြမ်းပြီး ချိုင်းအောက်မှာ ပွတ်လိမ်းပေးပါ။ အာလူးမှာ ကက်တီကောလေ့စ် အင်ဇိုင်း ပါဝင်တဲ့အတွက် သဘာဝ လင်းလက်စေတဲ့ အစွမ်းပါရှိလို့ ဖြစ်ပါတယ်။

(၂) ဇွန်းဖြင့် ကြောင်မျက်လုံး ပုံဖော်ခြင်း
ကြောင်မျက်လုံး ပုံဖော်တဲ့အခါ စွန်းပေမှုမဖြစ်စေဖို့ ဇွန်းကို မျက်ဝန်းဘေးထားပြီး အိုင်းလိုင်နာ ဆွဲပေးပါ။

(၃) သဘာဝ နီမြန်းသော ပါးပြင်ဖြစ်စေရန် မိတ်ကပ်မလိမ်းမီ ပါးနီလိမ်းခြင်း
သဘာဝကျကျ နီမြန်းတဲ့ ပါးပြင်အလှ ပိုင်ဆိုင်စေဖို့ ပါးနီအရင်လိမ်းပြီး ဖောင်ဒေးရှင်းမိတ်ကပ် ဒါမှမဟုတ် BB ခရင်မ်လိမ်းပါ။ ပါးနီက သဘာဝကျကျ လှပနေပါလိမ့်မယ်။

(၄) ကျစ်ဆံမြီးကျစ်ပြီး သဘာဝဆံပင် လှိုင်းတွန့်ပုံ ဖော်ခြင်း
ဆံပင်တွေကို ခြောက်ပိုင်းခွဲပြီး ကျစ်ဆံမြီး ကျစ်လိုက်ပါ။ ပြီးရင် ဆံပင်ဖြောင့်စက်နဲ့ ပုံမှန်အပူပေးကာ ကျစ်ဆံမြီးကို ဖိပေးပါ။ ကျစ်ဆံမြီးကို ဖြည်ချလိုက်ရင် သဘာဝလှိုင်းတွန့် ဆံပင်ပုံစံ ရလာပါလိမ့်မယ်။

(၅) မျက်တောင်ကော့စေရန် ဆံပင်အခြောက်ခံ စက်ဖြင့် မျက်တောင်ကော့တံကို အပူပေးခြင်း
ဆံပင်အခြောက်ခံစက် သုံးပြီး သတ္တုမျက်တောင် ကော့တံကို အပူပေးပါ။ ပြီးရင် ထိလို့ရတဲ့အထိ အအေးခံကာ မျက်တောင်ကို ကော့ပေးပါ။

(၆) မျက်ကွင်းညိုခြင်းကို နှုတ်ခမ်းနီ၊ မိတ်ကပ်ဖြင့် ဖုံးအုပ်ခြင်း
မျက်ကွင်းညိုနေရင် လိမ္မော်ရောင် နှုတ်ခမ်းနီကို မျက်ဝန်းအောက်မှာ ဆိုးလိုက်ပါ။ ပြီးရင် အပေါ်ကနေ ကွန်ဆဲလ်လာ မိတ်ကပ်လိမ်းလိုက်ပါ။ နောက်ဆုံး မိတ်ကပ်အဆင့်ဆင့် လိမ်းပြီးချိန်မှာ ပိုမို သဘာဝကျတဲ့ အလှတရား ရရှိပါလိမ့်မယ်။

(၇) ဝါဂွမ်းလုံးဖြင့် မျက်တောင်ကို ပုံသွင်းခြင်း
မက်စ်ကာရာ ဆိုးပြီး မျက်တောင်ကို ဝါဂွမ်းလုံးနဲ့ သုတ်လိုက်ပါ။ ပြီးရင် မက်စ်ကာရာ နောက်တစ် ထပ်ဆိုးလိုက်၊ ဝါဂွမ်းလုံးနဲ့ သုတ်လိုက် လိုချင်တဲ့ မျက်တောင်ပုံစံ ရတဲ့အထိ လုပ်ဆောင်ပေးပါ။

(၈) နူးညံ့တောက်ပြောင်သော ဆံကေသာ ပိုင်ဆိုင်စေရန် ဘီယာဖြင့် ခေါင်းလျှော်ခြင်း
ဆံပင်တွေကို ဘီယာနဲ့ ခေါင်းလျှော်တာက ဆံပင်သားတောက်ပြောင် နူးညံ့စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီးနောက် တဘက်နဲ့ခြောက်အောင် သုတ်ပြီး စိုထိုင်းဆရှိနေတဲ့ ဆံပင်သားပေါ် ဘီယာတစ်ခွက် လောင်းကာ ခေါင်းစွပ် (Shower Cap) ပတ်ကာ ငါးမိနစ်ထားပါ။ ပြီးမှ ရေနဲ့ ဆေးချလိုက်ပါ။

(၉) နူးညံ့တောက်ပြောင်သော ဆံကေသာ ပိုင်ဆိုင်စေရန် ရှလကာရည်ဖြင့် ခေါင်းလျှော်ခြင်း
ရှလကာရည်နံ့က စူးရှတယ်ဆိုပေမယ့် ဆံပင်သားပေါ်ကို ရှလကာရည် သုတ်လိမ်းလိုက်ရင် ဆံပင်သား နူးညံ့ တောက်ပြောင် စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီးနောက် ကွန်ဒီရှင်နာအစား ရှလကာရည် လိမ်းပေးပါ။ ရှလကာရည် တစ်ဆ၊ ရေနှစ်ဆ ရောပြီး ဆံပင်သားအနှံ့ သုတ်လိမ်းကာ ရေနဲ့ ဆေးချလိုက်ပါ။

(၁၀) လက်သည်းပေါ်က အဝါစွန်းများကို သွားတိုက်ဆေးဖြင့် ဖျက်ခြင်း
လက်သည်းနီ ဖျက်ပြီးနောက် လက်သည်းတွေက ဝါကြန့်ကြန့် ဖြစ်နေရင် သွားဖြူစေတဲ့ သွားတိုက်ဆေး (Whitening Toothpaste) သုတ်လိုက်ပါ။
(Ref;HD)

Most Popular

Healthy Life Ad
To Top