Healthy Life Ad
Health Tips

အအေးမိခြင်း၊ ချောင်းဆိုခြင်းနှင့် တုပ်ကွေးတို့အတွက် ချင်းလက်ဖက်ရည်

” တစ်ကိုယ်လုံး ကိုက်ခဲနေသလား၊ လည်ချောင်း နာနေပြီလား၊ ချောင်းဆိုး နေသလား “. ဒီလို ဝေဒနာတွေ ခံစားရတဲ့အခါ ချင်း(ဂျင်း) လက်ဖက်ရည်ပူပူ တစ်ခွက်ကို သောက်လိုက်ဖို့ အကြံပြုချင်ပါတယ်။
ချင်းပါဝင်တဲ့အတွက် အစာကြေစေပြီး ပျို့ချင် အန်ချင်စိတ် ဖြစ်ပေါ်တာကို သက်သာစေပါတယ်။ ဒါ့အပြင် နှာခေါင်းပိတ်တာနဲ့ လည်ချောင်းနာတာကို သက်သာစေပြီး နှာစေးတာကို ပျောက်စေပါတယ်။
ပါဝင်ပစ္စည်းများ
(၁)ချင်းတစ်တက်၊
(၂) ကြက်သွန်ဖြူ တစ်ဥ၊
(၃) လက်ဖက်ခြောက် အနည်းငယ်၊
(၄) ထန်းလျက် နှစ်ခဲ သို့မဟုတ် သကြား အနည်းငယ်။
ပြုလုပ်နည်း
ချင်း(ဂျင်း)ကို ရေတစ်အိုးထဲ ထည့်ပြုတ်ပြီး ရေဆူလာမှ လက်ဖက်ခြောက် ထည့်ပါ။ ပြီးမှ ကြက်သွန်ဖြူနဲ့ ထန်းလျက် ဒါမှမဟုတ် သကြားထည့်လိုက်ပါ။ အအေးခံပြီး ခွက်ထဲစစ်ထည့်ကာ သောက်လိုက်ရင် ချောင်းဆိုးတာ၊ အအေး မိတာနဲ့ တုပ်ကွေး ဝေဒနာလက္ခဏာတွေကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top