Healthy Life Ad
Health Tips

အသားအရေနှင့် ဆံပင်အတွက် ပျားရည်၏ အထိရောက်ဆုံး အကျိုးပြုပုံများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊
သဘာဝကရရှိတဲ့ ပျားရည်စစ်စစ်ဟာ သုံးတတ်ရင် သင့်အသားအရေနဲ့ ဆံပင်သားကို ကျန်းမာလှပ နုပျိုစေပါတယ်။

– ဝက်ခြံကို သက်သာစေနိုင်
ဝက်ခြံပေါက်တဲ့ အရေပြားမှာ ပျားရည် သုတ်လိမ်းပေးပါ။ လိမ်းပြီး ၁၀-၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးကြော သန့်စင်ပေးရမှာ ဖြစ်ပါတယ်။

– အိုမင်းမှုကို ဟန့်တားပြီး အရွယ်တင်နုပျိုစေနိုင်
မျက်နှာပေါ် ပျားရည်လိမ်းပေးရင် အရေးကြောင်းတွေ လျော့ပါးပြီး အိုမင်းတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

– နှုတ်ခမ်းသား ညိုမည်းမှု ကင်းစင်စေနိုင်
အညိုရောင်သကြား၊ ပျားရည်နဲ့ သံပယိုရည်အစက် အနည်းငယ်တို့ကို ရောမွှေပြီး နှုတ်ခမ်းသားပေါ် သုတ်လိမ်းကာ ကြေးချွတ် ပေးလိုက်ပါ။ ပြီးမှ ရေနဲ့ ဆေးကြော လိုက်တာကြောင့် နှုတ်ခမ်းသား ချောမွေ့ကာ ပန်းရောင် သမ်းစေနိုင်ပါတယ်။

– ဆံပင်သား နူးညံ့တောက်ပြောင်စေနိုင်
ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံလွင်ဆီစစ်စစ်တို့ကို ရောပြီး ဆံပင်ပေါ် သုတ်လိမ်းပေးပါ။ ခြောက်သွေ့သွားမှ ခေါင်းလျှော်လိုက်ရင် ဆံပင်သား နူးညံ့တောက်ပြောင် စေနိုင်ပါတယ်။

– နှင်းခူ သက်သာစေနိုင်
နှင်းခူဖြစ်နေတဲ့ အရေပြားမှာ ပျားရည် သုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ကြာမှ ရေနဲ့ ဆေးကြောလိုက်ပါ။ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ အရေပြားနီမြန်းတဲ့ ဝေဒနာကို သက်သာစေပါတယ်။

– ဆံပင် လင်းလက်စေနိုင်
ပျားရည်နဲ့ ရေကိုရောပြီး ဆံပင်သား ပေါ်သုတ်လိမ်းပေးပါ။ အချိန်တစ်နာရီကြာမှ ရေနဲ့ ဆေးလိုက်ရင် ဆံပင်သားကို လင်းလက်တောက်ပ စေနိုင်ပါတယ်။

– ဓားရှရာ သက်သာစေနိုင်
မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး စတဲ့ အမွှေးအမှင်တွေကို ဘရိတ်ဓားနဲ့ ရိတ်ပြီးနောက် ၁၀ မိနစ် အကြာမှာ အဲဒီအရေပြားပေါ် ပျားရည် သုတ်လိမ်းပေးပါ။ အဖုအပိမ့်တွေ သက်သာစေနိုင်ပါတယ်။

– အစိုဓာတ် ထိန်းစေနိုင်
မျက်နှာပေါင်းတင်ဆေးအဖြစ် ပျားရည် သုတ်လိမ်းပေးရင် မျက်နှာကို ချောမွေ့စိုပြည်ပြီး ရေဓာတ် ပြည့်ဝစေပါတယ်။
(Ref;RD)

Most Popular

Healthy Life Ad
To Top