Healthy Life Ad
International

ဆီးအိမ်ထဲတွင် ဝိုင်ယာကြိုးခွေ တွေ့ရှိရသည့် အမျိုးသား

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ နန်ချန်းမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဆီးပြွန်ကနေ တစ်ဆင့် ဆီးအိမ်ထဲ ရောက်သွားတဲ့ ဝိုင်ယာကြိုးခွေကြောင့် ဆေးရုံ အရေးပေါ်ဌာနကို ရောက်ရှိလာပါတယ်။

ဆရာဝန်တွေဟာ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာကို မေးမြန်းခဲ့ပေမယ့်လည်း ရှက်ရွံ့တတ်တဲ့ လူနာက အကြောင်းရင်းကို ပြောပြဖို့ ငြင်းဆိုခဲ့ပါတယ်။ ကွန်ပျူတာ စကင်ရလဒ်အရလည်း သူရဲ့ဆီးအိမ်ထဲမှာ ဝိုင်ယာကြိုးခွေကို တွေ့ရှိခဲ့ပါတယ်။ကျွမ်းကျင်သူတွေ အပြောအရ လိင်ပိုင်းဆိုင်ရာ သာယာအောင် လုပ်ရာက ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

၂၀ဝ၉ ခုနှစ်တုန်းကလည်း ၅၃ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ အလားတူ ဖြစ်ရပ်မျိုးကို ဖြစ်ခဲ့ဖူးတယ်လို့ နိုင်ငံတကာ ဆေးရောဂါ အစီရင်ခံစာဂျာနယ်မှာ ဖော်ပြထားပါတယ်။ အသက် ၇၀ အရွယ် အဘိုးအိုတစ်ယောက်ဟာလည်း ၂၀၁၃ ခုနှစ်က လိင်အင်္ဂါသွေးထွက်ဝေဒနာနဲ့ ကင်ဘာရာဆေးရုံ အရေးပေါ်ဌာနကို ရောက်ရှိလာခဲ့ပါသေးတယ်။ အဘိုးအိုကတော့ သူ့ဘာသာ သာယာအောင် လုပ်တဲ့အနေနဲ့ ဆီးပြွန်ထဲကို ဇွန်းတစ်ချောင်း ထိုးထည့်ဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဆေးပညာဂျာနယ်က အပ်၊ ခဲတံ၊ တိရစ္ဆာန်အရိုး၊ အပင်၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပြုလုပ်တဲ့ အလားတူ ဖြစ်ရပ်မျိုးတွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှ ဆရာဝန်တွေဟာ မကြာခင်မှာ လူနာဆီက ဝိုင်ယာကြိုးခွေကို ခွဲစိတ် ဖယ်ရှားတော့မယ်လို့ ဆိုပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top