Healthy Life Ad
Health Tips

ယောကျာ်းတွေဆီးအောင့်ရင် (Urethritis in Men)

———၊ဒေါက်တာတင့်ဆွေ ၊———

ကျွန်တော်က အသက် ၂၅ နှစ် အိမ်ထောင်မရှိပါဘူး။ လိင်တံထိပ်ပိုင်း ဆီးလမ်းကြောင်းက အခုတလောမှ ယားနေပါတယ်။ ခဏခဏဆိုသလို ယားကျိကျိဖြစ်ပါတယ်။ ဖြစ်လာတိုင်း ညှစ်လိုက်ရင် ဆီးပူပူတွေ ထွက်ပါတယ်။ ကျင်ခနဲဖြစ်ပြီးတော့ ထွက်ပါတယ်။ မများပါဘူး၊ နည်းနည်းလေးထွက်တာပါ။ ဒါပေမဲ့ အဲလိုယားလာရင် နေရတာမကောင်းဘူး။ ဘာဖြစ်တာလဲ မသိဘူး။ ဘယ်လိုနေရမလဲ ဘာတွေဆင်ခြင်ရမလဲ မသိဘူးဖြစ်နေတယ်။

ယောကျာ်းတွေမှာ ဆီးအောင့်တယ်ဆိုရင် ဆီးထွက်ပြွန်က ဖြစ်တတ်တယ်။ အများဆုံးက လိင်ကတဆင့် ကူးစက်ရောဂါတစ်ခုခု ဖြစ်နိုင်တယ်။ Gonorrhea (ဂနိုးရီးယာ)၊ Chlamydia (ကလာမိုင်ဒီးယား)နဲ့ Trachomatis (ထရိုင်ကိုမိုးနပ်စ်) ပိုးတွေကြောင့် ဖြစ်တတ်တယ်။ ပိုးရှိနေသူကနေကူးတယ်။ Chronic urethritis ရက်ရှည်ဖြစ်ရင် ဗက်တီးရီးယားကြောင့်ဖြစ်မယ်။ ကြာကြာဖြစ်ရင် ဆီးသွားပြွန် ကျဉ်းလာစေတတ်တယ်။

“ဆီးထွက်ပြွန်ရောင်တာဖြစ်ရင် ပူပြီးနာမယ်၊ ဆီးသွားချင်ရင် အမြန်သွားချင်တယ်။ တချို ့မှာယားမယ်၊ နာမယ်၊ ပန်းအဖျားရောင်မယ်၊ ဆက်ဆံချိန်မှာလဲနာမယ်။ ဆီးထဲသွေးပါတာလဲ ဖြစ်နိုင်တယ်။ သုက်ရည်ထဲမှာလဲ သွေးပါနိုင်တယ်။ အရည်တမျိုးမျိုး ဆင်းနိုင်တယ်” . .

ရေယုန်ဖြစ်စေတဲ့ (ဗိုင်းရပ်စ်)နဲ့ တခြားရှားပါးတာတွေလည်း စဉ်းစားရမယ်။ ပိုးမဟုတ်ဘဲ ဆပ်ပြာ၊ လိမ်းဆေး စတာတွေကလည်း မတည့်သူတွေမှာ ဖြစ်တယ်။ Spermicide သုတ်ပိုးသေဆေး၊ Condoms (ကွန်ဒွမ်)၊ Jelly, Cream, Foam တားဆေးပစ္စည်းတွေနဲ့လဲ မတည့်ရင် ဖြစ်နိုင်သေးတယ်။ ထိခိုက်မိလို့၊ (မာစတာဘေးရှင်း)လုပ်လို့၊ လိင်ဆက်ဆံတာအဆင်မပြေလို့ ဆိုတာတွေလည်း မလွတ်ပါ။

ဆီးထွက်ပြွန်ရောင်တာဖြစ်ရင် ပူပြီးနာမယ်၊ ဆီးသွားချင်ရင် အမြန်သွားချင်တယ်။ တချို ့မှာယားမယ်၊ နာမယ်၊ ပန်းအဖျားရောင်မယ်၊ ဆက်ဆံချိန်မှာလဲနာမယ်။ ဆီးထဲသွေးပါတာလဲ ဖြစ်နိုင်တယ်။ သုက်ရည်ထဲမှာလဲ သွေးပါနိုင်တယ်။ အရည်တမျိုးမျိုး ဆင်းနိုင်တယ်။ အရည်အကျဲ ဒါမှမဟုတ် အပြစ်တွေဆင်းမယ်။ တခြားရောဂါနဲ့ တွဲနေရင် လိင်အင်္ဂါမှာ အနာလည်း တွဲရှိနိုင်တယ်။

ရိုးရိုးဆီးထွက်ပြွန်ရောင်ရင် မဖျားပါ။ နေမကောင်းလဲ မဖြစ်ပါ။ ပိုးက တခြားပြန့်သွားရင်တော့ ဖြစ်လိမ့်မယ်။ ခါးနာမယ်။ ဗိုက်နာမယ်။ အပြင်းဖျားမယ်။ ပျို့-အန်ချင်မယ်။ အဆစ်ရောင်မယ်။ ကျားအစေ့ကိုလည်းကူးမယ်။ Epididymitis လို့ခေါ်တယ်။ အစေ့ပါနာမယ်။

အိမ်မှာတင် ရေများများသောက်ပါ။ အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့(ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေကို လျှော့ရ-ရှောင်ရမယ်။ အက်စစ်များစေတယ်။ ကောင်းတာတွေက လိမ္မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချော့ကလက်၊ ပဲတောင့်ရှည်စားပါ။ ဆရာဝန်ဆီရောက်ရင် Antibiotics ပေးပါမယ်။

ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ

• ပဋိဇီဝဆေးများ၊ Cotrimoxazole (Septrin) ဒါမှမဟုတ် Amoxacilin 500 mg ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက်သောက်ပါ။ ဒါမှမဟုတ် Nitrofurantoin 100 mg တစ်နေ့ ၂-၄ ကြိမ် ၇ ရက်သောက်ပါ။ ဒါမှမဟုတ် Azithromycin 1 gm or Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။

• ဆီးပူသက်သောအောင် လေနာဆေး Antacid (Magnesium hydroxide) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။

• အနာသက်သာအောင် Buscopan, Ibuprofen, Acetaminophen ဆေးတခုခုကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။

• ၇ ရက် လိင်မဆက်ဆံရ။ လိင်ဆက်ဆံပြီးရင် ပဋိဇီဝဆေး တကြိမ်သောက်ပါ။

Most Popular

Healthy Life Ad
To Top