Healthy Life Ad
Health Tips

တရုတ်နံနံ၏ ကျန်းမာရေးအာနိသင်များ

တရုတ်နံနံကို ရှေးကတည်းက အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတင်ဖော်ပြထားခဲ့တာကြောင့် သက်တမ်းရင့် ဟင်းသီးဟင်းရွက်တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ တရုတ်နံနံရဲ ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တရုတ်နံနံမှာ ဗီတာမင်စီပမာဏ များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ ့ ခုခံအားစနစ်ကို ကျန်းမာနေအောင် အားပေးနိုင်ပါတယ်။

တရုတ်နံနံမှာ အင်တီအောက်ဆီးဒင့်တွေ အများအပြားပါဝင်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောင်ရမ်းမှုတို့ကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေကာ သွေးကြောတစ်ဝိုက်က ကြွက်သားတွေကို အနားရစေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။

တရုတ်နံနံမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။

တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သည်းခြေအက်ဆစ်ရည်ထွက်စေကာ သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် ကင်ဆာကာကွယ်ရေးမှာ အစွမ်းထက်ပါတယ်။

တရုတ်နံနံက ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း သက်သာစေပါတယ်။

တရုတ်နံနံမှာ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တို့ ညီတူညီမျှ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အရည်ပိုတွေကို ထွက်ရှိစေပါတယ်။

တရုတ်နံနံစေ့တွေဟာ ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေတဲ့ အစွမ်းထက် ဆီးသွားစေတဲ့အာနိသင် ရှိပါတယ်။

တရုတ်နံနံမှာ အကိုက်အခဲပျောက်စေ၊ ရောင်ရမ်းမှုကျစေ၊ ဆီးသွားစေတဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်တာကြောင့် ဆီးအိတ်ပိုးဝင်မှုကို ကုသနိုင်တာဖြစ်ပါတယ်။

တရုတ်နံနံမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိတာကြောင့် အဆစ်ရောင်နာတွေလို ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကို ကုသနိုင်ပါတယ်။

တရုတ်နံနံမှာ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျော့ကျရေးမှာ အရေးပါပါတယ်။

တရုတ်နံနံဟာ ခံတွင်းအနံ့ဆိုးထွက်တာကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top