Healthy Life Ad
Life Style

ဗိုက်ပူတဲ့ ပြဿနာ အဖြေရှာ . . .

မေး မြန်မာအမျိုးသမီးတွေ အသက် ၃၀-၄၀ ကျော်လာရင် ဗိုက်ပူလာတတ်ပါတယ်။ ဘယ်လို အစားအသောက်တွေကြောင့် ဗိုက်ပူတတ်ပါသလဲ။
သီတာ၊ မန္တလေး

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

ဖြေ     အထူးသဖြင့် အသက် ၃၅ နှစ်ကျော်လာချိန်မှာ ဗိုက်ပူလာကြတယ်။ အသက် ၄၀ကျော်သွားရင် ဝိတ်ချရတာလည်း ခက်သွားတယ်။ အဓိကကတော့ မြန်မာလူမျိုးတွေက ဟင်းအနှစ်တွေကို ကြိုက်ကြတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေနဲ့ ချက်ထားတဲ့ ဟင်းအနှစ်တွေနဲ့ ထမင်းတွေနယ်စားတယ်။ ဒါက ဗိုက်ပူစေတဲ့ ပထမအချက်ပါ။

နောက် ဒုတိယအချက်က ဘူးသီးကြော်၊ ဗယာကြော် စတဲ့ ဆီကြော်စာတွေကိုလည်း သိပ်ကြိုက်ပြီး စားဖြစ်လို့လည်း ဗိုက်က ပူလာတတ်ပါတယ်။

နံပါတ် ၃ အချက်ကတော့ အသက် ၃၅ နှစ် ကျော် အရွယ်တွေက အစာစားပြီး ထိုင်ကြတာ များတယ်။ အရင် ငယ်ရွယ်ချိန်တုန်းကတော့ စားပြီး သွက်သွက်လက်လက် လှုပ်ရှားကြပါတယ်။ အသက်ကြီးလာတဲ့ အရွယ်မှာတော့ စားစားပြီးချင်း ထိုင်တာကြောင့်လည်း ဗိုက်ပူလာကြတာ ဖြစ်ပါတယ်။ လူလတ်ပိုင်းအရွယ်တွေက ရုံးမှာ တစ်နေ့ရှစ်နာရီလောက် ထိုင်တဲ့အတွက် ဗိုက်ပူလာကြတာ များပါတယ်။ ယောကျာ်းလေးတွေကတော့ အဓိက ဘီယာသောက်လို့ ဗိုက်ပူလာကြတာပါ။

– ဗိုက်မပူအောင် ဘယ်လို ကာကွယ်ရမလဲ
(၁) ဗိုက်မပူအောင် ထိန်းချင်တယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ရမယ်။ ဒါမှမဟုတ် ထမင်းစားပြီးပြီးချင်း အနည်းဆုံး ၁၅ မိနစ် လမ်းလျှောက်ပေးရပါမယ်။ ဒါဆိုရင် ဗိုက်ပူတာ အများကြီး သက်သာသွားလိမ့်မယ်။

တချို့လူတွေ အသက် ၄၅ နှစ်အထက် အရွယ်မှာ ဝိတ်ချတဲ့အခါ လူကပိန်သွားတယ် . . ဒါပေမဲ့ ဗိုက်က ပူပြီး ကျန်ခဲ့တယ်။ ဒါက လေ့ကျင့်ခန်း မလုပ်လို့ပါ။ လေ့ကျင့်ခန်းမလုပ်ရင် ဗိုက်မှာရှိတဲ့ အဆီက ဘယ်တော့မှ မကျနိုင်ပါဘူး။ အကောင်းဆုံးက ဗိုက်ပူတာ လျော့ကျစေဖို့ လုပ်သင့်တဲ့ နည်းလမ်းက ဘယ်ရီရိုက်တာပဲ ဖြစ်ပါတယ်။

(၂) ဘီယာကို ရှောင်ရပါမယ်။

(၃) အစားအသောက်အနေနဲ့ အဆီလျှော့ရမယ်၊ ဆီကြော်စာတွေကို တတ်နိုင်သမျှ ရှောင်ရမယ်၊ အသီးအရွက် များများစားရပါမယ်။

Most Popular

Healthy Life Ad
To Top