၊ ကိုထက် ၊
လူအတော်များများဟာ ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ခါးနာဝေဒနာ ခံစားရတတ်ပါတယ်။ အဲဒီလို ခံစားရတာက နေ့စဉ်နေထိုင်တဲ့ ပုံစံမမှန်တာကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် ခါးနာတဲ့ ဝေဒနာကင်းဝေးအောင် ဘယ်လိုနေထိုင် ပြုမူသင့်တယ်ဆိုတာ အကြံပြုလိုက်ပါတယ်။
ထိုင်သည့်အခါ
ပုံ(၁) မှာလို ရှေ့ဘက်ကို ကုန်းပြီးထိုင်တာကို ရှောင်ပါ။
ပုံ(၂) မှာလို ခါးနဲ့လက်ကို ထိုင်ခုံပေါ် စမတ်ကျကျတင်ပြီး ကျောရိုးကို သက်သောင့်သက်သာရှိရှိ ထားပါ။
ခါးကို ဖြောင့်ဖြောင့်မတ်မတ်ထားပြီး ထိုင်တာက အချိန်ကြာကြာထိုင်ရင်တောင် ခါးနာဝေဒနာ သက်သာစေပါတယ်။
မတ်တပ်ရပ်သည့်အခါ
ပုံ (၁) မှာလို ခန္ဓာကိုယ်ကို ကုန်းကုန်းကွကွလုပ်တဲ့ အနေအထားမျိုးနဲ့ အလုပ်မလုပ်ပါနဲ့။
ပုံ (၂) မှာလို သင့်ခန္ဓာကိုယ်နဲ့ အလုပ်လုပ်တဲ့ နေရာအမြင့်က တစ်တန်းတည်းဖြစ်နေပါစေ။
အလေးအပင် သယ်မသည့်အခါ
ပုံ (၁) မှာလို ကြမ်းပြင်က ပစ္စည်းတစ်ခုခုကို ခါးကုန်းပြီး သယ်မတာကို ရှောင်ပါ။ ဒီအနေအထားက ခါးနာစေပြီး ခါးအပေါ် ဒဏ်သက်ရောက်မှု များစေပါတယ်။
ပုံ (၂) မှာလို ဒူးကွေးထိုင်ပြီး ကျောရိုးကို ဖြောင့်ဖြောင့်တန်းတန်းထားကာ ပစ္စည်းကို ခန္ဓာကိုယ်နဲ့ အနီးဆုံး အနေအထားမှာ သယ်မပေးပါ။
အိပ်စက်သည့်အခါ
ပုံ (၁) မှာလို မှောက်လျက်အိပ်တဲ့ အနေအထားကို ရှောင်ပါ။
ပုံ (၂) မှာလို ဘေးဘက်ကို စောင်းပြီး ဦးခေါင်းအောက်မှ ခေါင်းအုံးထားကာ ဒူးတွေကို ကွေးပြီး အိပ်စက်အနားယူပါ။