၊ လရိပ်မေ ၊
တစ်ခါတစ်ရံ သွားတိုက်ရင်း သွားဖုံးကနေ သွေးယိုတတ်သလို တစ်ခါတလေ အကြောင်းရင်း မယ်မယ်ရရမရှိဘဲ သွားဖုံးကနေ သွေးယိုတာမျိုး ဖြစ်တတ်ပါတယ်။
(၁) ခံတွင်းသန့်ရှင်းရေး အားနည်းခြင်း
ခံတွင်းသန့်ရှင်းရေး အားနည်းလို့ ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေမယ့် သွားနဲ့ ခံတွင်းအနှံ့ ထိထိရောက်ရောက် မသန့်စင်နိုင်တာ၊ သွားကြိုသွားကြားတွေထဲမှာ စားကြွင်းစားကျန်တွေ ကပ်ကျန်နေတာတို့ကြောင့် ခံတွင်းသန့်ရှင်းရေး အားနည်းရာက သွားဖုံးကနေ သွေးယိုတတ်ပါတယ်။
(၂) တာရှည်ခံစေရန် ပြုပြင်ထားသော အစာများ စားခြင်း
တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေကို စားတာကြောင့် သင့်ခါးအတိုင်းအတာကို ထိခိုက်စေရုံသာမက သွားကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။
(၃) ဆေးလိပ်ကို ကြာရှည်သောက်ခြင်း
ဆေးလိပ်ကို ကြာရှည်သောက်တာကြောင့် သွားဖုံးရောင်ရမ်းပြီး သွားဖုံးသား ကြီးထွားလာနိုင်ပါတယ်။
(၄) စိတ်ဖိစီးမှုများခြင်း
စိတ်တိုတာနဲ့ ပူပင်သောကများတာတို့ အဆက်မပြတ် ဖြစ်ပေါ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပြီး သွားဖုံးရောဂါကို တွန်းလှန်နိုင်တာမျိုး မရှိတော့ပါဘူး။
(၅) သွားဖုံးရောဂါ မျိုးရိုးရှိခြင်း
သွားဖုံးရောဂါနဲ့ ပတ်သက်တဲ့ မိသားစုရာဇဝင်ရှိရင် သွားဖုံး သွေးယိုနိုင်ပါတယ်။
(၆) သွားကြိတ်ခြင်း
သွားကြိတ်တာက သွားတွေကို ထိခိုက်စေပြီး သွားဖုံးတစ်သျှူးနဲ့ အရိုးတွေကို အားနည်းစေပါတယ်။
(၇) ဆေးဝါးအချို့၏ နောက်ဆက်တွဲ ပြဿနာများ ခံစားရခြင်း
တချို့ဆေးဝါးတွေက သွားဖုံးသား တစ်သျှူးတွေဆီ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပြီး တံတွေးစီးဆင်းမှုကို ပိတ်ပင်ပေးပါတယ်။ အဲဒီအခါ ခံတွင်းခြောက်တာနဲ့ သွားဖုံးတွေပေါ် ကာကွယ်နိုင်စွမ်း လျော့နည်းတာတို့ ဖြစ်တတ်ပါတယ်။
(၈) တံတွေးမှ တစ်ဆင့် ကူးစက်ခြင်း
သွားဖုံးရောဂါက လူတစ်ဦးကနေ နောက်တစ်ဦးဆီကို တံတွေးကနေတစ်ဆင့် ကူးစက်နိုင်တာကို သတိပြုရပါမယ်။
(Ref;HD)