Healthy Life Ad
Health Tips

သွားမတိုက်ဖြစ်တဲ့အချိန်မှာတောင် သွားသန့်ရှင်းနေစေမယ့် နည်းလမ်းများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

သွားတွေကို ဂရုစိုက်တာက သင့်အပြုံးကို လှပစေရုံတင်မက အထွေထွေကျန်းမာရေးအတွက်ပါ အရေးပါပါတယ်။ လေ့လာမှုအရ သွားဖုံးရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားအမျိုးအစားတစ်မျိုးက ကင်ဆာဖြစ်နိုင်ခြေ ပိုများစေတယ်လို့ သိရပါတယ်။ နောက်ထပ် သတင်းဆိုးတစ်ခုကတော့ လူဦးရေစုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းမှာ သွားဖုံးရောဂါ အသင့်အတင့်ကနေ ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေရတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သင့်သွားတွေနဲ့ သွားဖုံးတွေကို သွားတိုက်တံနဲ့ အမြဲမတိုက်နိုင်ပေမယ့် ကာကွယ်နိုင်တဲ့ တခြားနည်းတွေ ရှိနေတယ်ဆိုတာကိုတော့ သတင်းကောင်းအဖြစ် မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-60214
သရေစာအဖြစ် သစ်သီးအစား ချိစ်ကိုရွေးပါ

နံနက်စာနဲ့ နေ့လယ်စာစားချိန်ကြားမှာ သရေစာအဖြစ် သစ်သီးစိတ်တွေကို စားတာက အကျင့်ကောင်းတစ်ခုလို့ ထင်စရာပါ။ ဒါပေမဲ့ သကြားပါတဲ့ သစ်သီးတွေက သွားတွေကို ထိခိုက်စေနိုင်ပါတယ်။ သွားမျက်နှာပြင်ပေါ်က သကြားမှာ ဘက်တီးရီးယားတွေပေါက်ရင် အက်စစ်အထွက်များပြီး သွားကြွေလွှာအားနည်းကာ သွားပိုးပေါက်တွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ သဘာဝခုခံစွမ်းအားက တံတွေးဖြစ်ပြီး ခံတွင်းထဲက PH ဓာတ်ကို ဓာတ်ပြယ်စေပါတယ်။
အချိန်တစ်နာရီကြာတိုင်း လက်ဖက်ရည်တစ်ခွက် သောက်ပေးရင်တောင် သကြားပါတဲ့အတွက် သွားကြွေလွှာအားနည်းမှု ဖြစ်တတ်ပါတယ်။ ဒါကြောင့် သရေစာစားဖို့ စဉ်းစားရင် သကြားပါတဲ့အစာနဲ့ အဆီများတဲ့ အစာအစား ချိစ်နဲ့အခွံမာသီးကို အစားထိုးစားပေးပါ။ ချိစ်က တံတွေးအထွက်တိုးစေတဲ့အတွက် အက်စစ်တွေကို ဓာတ်ပြယ်စေပါတယ်။

သွားချေးဖတ်များကို ကိုယ်ပိုင်နည်းလမ်းဖြင့် စစ်ဆေးပါ

သင့်သွား ဘယ်လောက်အထိ သန့်စင်မှုရှိသလဲဆိုတာသိနိုင်ဖို့ တစ်ပတ်မှာတစ်ကြိမ်ခန့် Disclosing Tablet ကို သုံးသင့်ပါတယ်။ ဒီဆေးပြားတွေက ဝါးစားရတဲ့ ဆေးပြားတွေဖြစ်ပြီး သွားတွေပေါ်မှာ စွန်းထင်းနေတဲ့ ဘက်တီးရီးယားအကွက်လွှာတွေကို မြင်တွေ့နိုင်ပါတယ်။ ဒီလိုတွေ့မြင်ရရင် သင့်သွားကို သန့်စင်ဖို့လိုအပ်နေသေးကြောင်း ပြနေတာဖြစ်ပါတယ်။ သွားချေးဖတ်တွေက နှစ်ပတ်ကျော်ကြာတဲ့အထိ ကပ်ငြိနေရင် သွားဖုံးတွေရောင်ရမ်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ သွေးထွက်တာတို့ ဖြစ်စေပြီး နောက်ဆုံးမှာ သွားပိုးစားတာနဲ့ သွားဖုံးရောဂါတို့ ဖြစ်တတ်ပါတယ်။

alignnone size-medium wp-image-60216
သွားတိုက်ပြီး အားရပါးရ ပလုတ်မကျင်းသင့်ပါ

လူအများစုဟာ သွားတိုက်ပြီး ရေနဲ့ အားရပါးရ ပလုတ်ကျင်းတတ်ပါတယ်။ တကယ်တော့ ဒီအကျင့်ကြောင့် သွားပိုးစားနိုင်ပါတယ်။ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကို သုံးတာကြောင့် သွားမျက်နှာပြင်ပေါ်မှာ ဖလိုရိုဒ်တွေ ကပ်ငြိနေစေပါတယ်။ ဒါကြောင့် သွားတိုက်ပြီးတဲ့အခါ တံတွေးထွေးထုတ်ပါ၊ ပလုတ်မကျင်းပါနဲ့၊ သွားမျက်နှာပြင်ပေါ်မှာ ကပ်ငြိနေတဲ့ ဖလိုရိုက်တွေကြောင့် သွားတွေကို သန်စွမ်းခိုင်မာစေပါတယ်။

စတော်ဘယ်ရီကြောင့် သွားဖြူစင်နိုင်

စတော်ဘယ်ရီသီးတွေဟာ အပြုံးကို တောက်ပစေပါတယ်။ လေ့လာမှုတွေအရ စတော်ဘယ်ရီသီးမှာ သွားတွေကိုဖြူစင်စေတဲ့ အာနိသင်ရှိပါတယ်။ အကြောင်းကတော့ စတော်ဘယ်ရီသီးမှာ မဲလစ်အက်စစ်ပါဝင်တဲ့အတွက် သွားတွေမှာကပ်ငြိနေတဲ့ အစွန်းအထင်းတွေကို ကင်းစင်စေတာကြောင့်ပါ။ စတော်ဘယ်ရီသီးကို အစာစားချိန်မှာ စားပေးပါ။ ဘလူးဘယ်ရီသီးနဲ့ ဘလက်ဘယ်ရီသီးတို့လို အရောင်ရင့်ဘယ်ရီသီးတွေကို များများစားတာကြောင့် သွားတွေကို စွန်းထင်းစေနိုင်ပါတယ်။

ဘက်တီးရီးယား ကင်းစင်စေရန် နေ့စဉ် သွားကြားပွတ်ကြိုး သုံးပါ

လူတိုင်း တစ်နေ့တစ်ကြိမ် သွားတွေကြားထဲ သွားကြားပွတ်ကြိုးသုံးပြီး သန့်စင်သင့်ပါတယ်။ ဒီနည်းက စားကြွင်းစားကျန်တွေကိုသာမက ဘက်တီးရီးယားတွေကိုလည်း ကင်းစင်စေပါတယ်။

ဝိုင်သောက်ပြီး တစ်နာရီအတွင်း သွားမတိုက်သင့်ပါ

ဝိုင်နီသောက်ပြီး ချက်ချင်းသွားမတိုက်ပါနဲ့။ ဝိုင်ဟာ အက်စစ်ဂုဏ်သတ္တိရှိတဲ့အတွက် သွားကြွေလွှာကို ပျော့ပျောင်းစေပါတယ်။ အဲဒီလို အားနည်းနေချိန် သွားတိုက်တာကြောင့် သွားကြွေလွှာကို ပိုမိုပါးလျစေပါတယ်။ ဝိုင်သောက်ပြီး တစ်နာရီကြာမှ သွားတိုက်ပါ။

သွားကို ဖိမတိုက်သင့်ပါ

သွားတိုက်တဲ့နည်းက မှားနေရင် အကောင်းထက်အဆိုးကို ပိုဖြစ်စေနိုင်ပါတယ်။ လူအများစုဟာ သွားတွေကို ခပ်ကြမ်းကြမ်း ဖိတိုက်လေ့ရှိတဲ့အတွက် သွားဖုံးတွေ နိမ့်စင်းကျနေတတ်ပါတယ်။ သွားတိုက်တံကို မကြမ်းလွန်း၊ မပျော့လွန်းတဲ့ အနေတော်အမျိုးအစား ရွေးချယ်ပြီး ညင်ညင်သာသာသွားတိုက်ပါ။

ဆီးချိုသွေးချိုရောဂါရှိလျှင် အထူးဂရုပြု

ဆီးချိုရောဂါနဲ့ သွားဖုံးရောဂါက သိသိသာသာ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ သင့်မှာ ဆီးချိုရောဂါရှိရင် သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးအလေးထားဖို့ လိုပါတယ်။ ဆီးချိုရောဂါရှိသူတွေက သွေးတွင်းသကြားဓာတ်များပြီး ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေများတဲ့အတွက် သွားဖုံးရောဂါ ပိုဖြစ်လွယ်ပါတယ်။ ဆီးချိုရောဂါကို ကောင်းကောင်းမထိန်းချုပ်နိုင်ရင် ပိုအန္တရာယ်များတာကြောင့် အထူးဂရုစိုက်ပါ။

လျှာကိုပါတိုက်သင့်

လျှာသန့်ရှင်းမှုမရှိတာက လျှာပေါ်မှာ သွားချေးဖတ်အလွှာ ကပ်ငြိစေနိုင်ပါတယ်။ အဲဒီအခါ ဘက်တီးရီးယားတွေ ပိုပေါက်ပြီး ခံတွင်းအနံ့ဆိုးထွက်တာနဲ့ သွားဖုံးရောဂါတို့ ပိုဖြစ်တတ်ပါတယ်။ လျှာကို သွားတိုက်တံ ဒါမှမဟုတ် လျှာခြစ်တံနဲ့ သန့်စင်တဲ့အခါ ခပ်ကြမ်းကြမ်းမလုပ်ပါနဲ့။

alignnone size-medium wp-image-60215
အိမ်ထောင်ရှင်မများ သွားဖုံးသွေးထွက်ခြင်းက ကိုယ်ဝန်ရှိသောကြောင့်ဖြစ်နိုင်

သွားဖုံးသွေးထွက်တာက ခံတွင်းထဲက သွားချေးဖတ်အချင်းချင်း ဓာတ်ပြုတာကြောင့်လို့ ထင်မြင်နေပါလိမ့်မယ်။ တစ်ခါတလေ ကလေးယူနေတဲ့ အိမ်ရှင်မတွေမှာ ဟော်မုန်းတွေနဲ့ ဆက်စပ်နေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်နိုင်ပါတယ်။ သွားဖုံးသွေးထွက်တာက ရှားရှားပါးပါး လူကီးမီးယားသွေးကင်ဆာ ဒါမှမဟုတ် အသည်းရောဂါနဲ့ ဆက်နွှယ်မှုရှိပါတယ်။ ခံတွင်းထဲမှာ အနာဖြစ်ရင် သံဓာတ်နဲ့ ဗီတာမင်ဘီချို့ တဲ့တဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို ခံတွင်းခြောက်တာက ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top