၊ ငွေကြယ်စင်ယံ ၊
သင့်မီးဖိုချောင်ထဲမှာ မုန့်ဖုတ်ဆော်ဒါ ဒါမှမဟုတ် ဆော်ဒါမှုန့်သာရှိနေမယ်ဆိုရင် သင့်အလှအပနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ပူစရာမလိုတော့ပါဘူး။
(၁) ဝက်ခြံပျောက်စေပါတယ်
ဆော်ဒါမှုန့်ကို ရေနဲ့ စေးပျစ်အောင်ဖျော်ပြီး ဝက်ခြံဖုတွေပေါ် တို့လိမ်းပေးပါ။
(၂) တစ်ကိုယ်လုံး ကြေးချွတ်သန့်စင်စေပါတယ်
ဆော်ဒါမှုန့်ကို ရေနဲ့ စေးပျစ်အောင်ဖျော်ပြီး ရေဆွတ်ထားတဲ့ သင့်ခန္ဓာကိုယ်ကို ပွတ်တိုက်ပြီး ကြေးချွတ်ပေးရင် သန့်စင်စေရုံသာမက အနံ့ဆိုးတွေပါ ကင်းစင်သွားစေပါတယ်။
(၃) ခြေဆီနံ့ ကင်းစင်စေပါတယ်
ဆော်ဒါမှုန့်ကို ရေနဲ့ဖျော်ပြီး ခြေထောက်စိမ်ပေးရင် ခြေဆီနံ့ကင်းစင်စေပါတယ်။
(၄) ဆံပင် သန့်စင်စေပါတယ်
ဆံပင်မှာကပ်ညိနေတဲ့ ဖုန့်မှုန့်၊ အဆီနဲ့ ကြေးတွေကင်းစင်စေဖို့ ဆော်ဒါမှုန့်ကို ရေနဲ့ဖျော်ပြီး သုတ်လိမ်းပေးပါ။ ပြီးမှ ခါတိုင်းခေါင်းလျှော်သလို လျှော်ပေးရမှာဖြစ်ပါတယ်။
(၅) မျက်နှာ ပေါင်းတင်နိုင်ပါတယ်
ဆော်ဒါမှုန့်ကို ရေနဲ့ခပ်ပျစ်ပျစ်ဖျော်ပြီး မျက်နှာအနှံ့သုတ်လိမ်းကာ ခြောက်သွားမှ ရေနဲ့ဆေးချလိုက်ပါ။ မျက်နှာအသားအရေနူးညံ့ပြီး ချွေးပေါက်ပိတ်ဆို့မှု ကင်းစင်သွားစေပါတယ်။
(၆) လက်သည်း၊ ခြေသည်းတွေ ဖြူ စင်ရှင်းသန့်စေပါတယ်
လက်သည်း၊ ခြေသည်းတွေက လက်သည်းနီ အဆိုးများလို့ ဝါကြန့်ကြန့်ဖြစ်နေရင် ဆော်ဒါမှုန့်ကို ရေနဲ့ခပ်ပျစ်ပျစ်ဖျော်ပြီး လိမ်းပေးပါ။
(၇) နေလောင်ဒဏ်ရာ သက်သာစေပါတယ်
နေလောင်ထားတဲ့ အရေပြားနေရာပေါ်မှာ ရေနဲ့ခပ်ပျစ်ပျစ်ဖျော်ထားတဲ့ ဆော်ဒါမှုန့် သုတ်လိမ်းပေးပါ။
(၈) ခံတွင်းအနံ့ဆိုး ကင်းစေပါတယ်
ခံတွင်းအနံ့ဆိုး နံနေရင် ဆော်ဒါမှုန့်ကို ရေသန့်သန့်နဲ့ဖျော်ပြီး အာလုတ်ကျင်းပေးပါ။ ခံတွင်း အနံ့ဆိုးကင်းစေပါတယ်။
(၉) သွားဖြူ စေပါတယ်
သွားတိုက်ဆေးမရှိတဲ့အခါ၊ ဒါမှမဟုတ် ကိုယ်ဝန်ရှိစဉ် သွားတိုက်ဆေးအနံ့မခံနိုင်တဲ့အခါ ဆော်ဒါမှုန့်နဲ့ သွားတိုက်ပေးလိုက်ပါ။ သွားဖြူစင်စေပါတယ်။
(၁၀) ချိုင်းဖြူ ပြီး အနံ့ဆိုးကင်းစင်စေပါတယ်
ချိုင်းမည်းနေလို့ပဲဖြစ်ဖြစ်၊ ချိုင်းချွေးနံ့ နံလို့ပဲဖြစ်ဖြစ် ဆော်ဒါမှုန့်ကို ရေနဲ့ခပ်ပျစ်ပျစ်ဖျော်ပြီး
သုတ်လိမ်းပေးလိုက်ပါ။
(Ref;HD)