Healthy Life Ad
Health Tips

မျက်စိကပြောသော သင့်အကြောင်း

စူး (ဆေးဝါးတက္ကသိုလ်)

အလုပ်လုပ်တဲ့အခါ သင့်မျက်စိကျန်းမာနေစေဖို့ ကွန်ပျူတာကြည့်ချိန်ကို မကြာခဏအနားယူပေးရပါမယ်။ လုပ်ရမယ့်နည်းက ကွန်ပျူတာသုံးချိန်မိနစ်၂၀ကြာတိုင်း သင့်မျက်စိကိုစကရင်ကနေခဏခွာပြီး ပေ၂၀အကွာကိုစက္ကန့်၂၀ကြာ လှမ်းကြည့်ပေး ရမှာပါ။ သင့်ကွန်ပျူတာမော်နီတာကလည်း ရုံးခန်းအလင်းရောင်ထက်ပိုလင်းမနေသင့်သလို ပိုမှိန်မနေသင့်ပါဘူး။ ကွန်ပျူတာ သုံးချိန်မှာ မကြာခဏမျက်တောင်ခတ်ပေးတာကလည်း မျက်စိကိုစိုစွတ်စေတဲ့နည်းလမ်းဖြစ်လို့ သတိရတိုင်းမျက်တောင် ခတ်ပေးပါ၊ မျက်စိစုံမှိတ်ပေးပါလို့ အကြံပြုချင်ပါတယ်။

တကယ်လို့သင့်မျက်စိနဲ့ပတ်သက်ပြီး အောက်ပါ ဝေဒနာလက္ခဏာတွေ ပေါ်လာရင် သင့်ခန္ဓာကိုယ်မှာ ကျန်းမာရေး ပြဿနာတစ်ခုခု ကျရောက်နေပြီလားဆိုတာ ဆန်းစစ် အဖြေရှာသင့်နေပါပြီ။

-အမြင်ဝေ၀ါးနေလျှင်
ဒါကစိတ်ဖိစီးမှုများနေတာနဲ့ သွေးတိုးနေတာတို့ ခံစားနေရကြောင်းပြသတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ နှလုံးသွေးကြောထဲ ပိုးဝင်တာကြောင့်လည်းဖြစ်တတ်ပါတယ်။

-ညဘက်တွင်မြင်နိုင်ရန် ခက်ခဲနေလျှင်
ဗီတာမင်အေချို့တဲ့နေကြောင်းပြသတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

-မျက်စိယားယံပြီး သွေးခြည်ဥနေလျှင်
ဆိုးရီးယေးစစ်ဆိုတ ဲ့အရေပြားရောဂါတစ်မျိုး ခံစားနေရကြောင်းပြသတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

-မျက်စိပြူးထွက်နေလျှင်
သိုင်းရွိုက်ဟော်မုန်းများနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ရောဂါဖြစ်တဲ့သူတွေက မျက်စိကမသိမသာ ပြူးထွက်နေတတ်ပါတယ်။

-အမြင်အာရုံဆုံးရှုံးနေလျှင်
ဆီးချိုရောဂါကြောင့် သွေးကြောတွေအားနည်းနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

-မျက်ကွင်းအောက်ညိုနေလျှင်
ဓာတ်မတည့်မှုကြောင့် နှာခေါင်းမြှေးရောင်ရမ်းနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

-မျက်ခမ်းဖျော့နေလျှင်
သွေးအားနည်းရောဂါရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ သွေးအားနည်းနေရင် သွေးကြောတွေမှာသွေးစီးဆင်းမှုက နည်းနေတတ်တဲ့အတွက် မျက်ခမ်းကဖျော့နေတတ်ပါတယ်။

-မျက်မြှေးဝါနေလျှင်
အသားဝါရောဂါ(Jaundice)ရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က ဝါနေသလားဆိုတာသိနိုင်ဖို့ ကြည့်ရအလွယ်ဆုံးက မျက်လုံးရဲ့မျက်မြှေး(Conjunctiva)မှာ ကြည့်ရတာအလွယ်ဆုံးဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top