Healthy Life Ad
Health Tips

အသားကင်စားမည်ဆိုလျှင် ကျန်းမာရေးမထိခိုက်စေရန်

စူး(ဆေးဝါးတက္ကသိုလ်)

အသားကင်တွေကို လူကြိုက်များကြပါတယ်။ အသားကင်တွေ အစားများတာကြောင့် ကျန်းမာရေးအန္တရာယ် ထိခိုက်စေနိုင်တဲ့အတွက် ကျန်းမာရေး မထိခိုက်ဘဲ အသားကင်တွေကိုစားနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေလိုက်ပါတယ်။

-အသားကင်တွေကို ကြိုက်နှစ်သက်လို့ စားမယ်ဆိုရင် အသင့်အတင့်ပဲ စားသင့်ပါတယ်။အသားကင်စားမယ်ဆိုရင် တွဲဖက်ပြီး အသီးအရွက်ကင်ကို များများစားပါ။ ပရိုတင်းဓာတ်မပါတဲ့အတွက် ကင်ဆာဖြစ်စေတဲ့ဓာတ်ကို မပြောင်းလဲစေနိုင်ပါဘူး။ ဒါပေမဲ့ အသီးအရွက်ကင်တွေမှာလည်း တူးနေတဲ့အပိုင်းတွေကို မစားသင့်ပါဘူး။

-အသားကင်တချို့မှာ ပြည့်ဝဆီပါဝင်မှုများပါတယ်။ ပြည့်ဝဆီတွေက နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားပြီး ကိုယ်အလေးချိန်ကိုလည်းမြင့်တက်စေနိုင်ပါတယ်။ ဝက်အူချောင်းလို အဆီများတဲ့ အသားကင်တွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

-ဆားတွေနဲ့သိပ်ထားတဲ့ အသားကင်အများစုမှာ ဆိုဒီယမ်ပါဝင်မှုများတဲ့အတွက် များများစားတဲ့အခါ သွေးတိုးတာ၊ နှလုံးရောဂါထတာ (Heart Attack)နဲ့ကျောက်ကပ်ထိခိုက်တာတို့ ဖြစ်စေနိုင်ပါတယ်။ အသားတွေကို အစိမ်းလိုက်ကင်မယ့်အစား သံပရာရည်၊ ရှလကာရည်နဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရင်နယ်လိုက်ပါ။ ဒီလိုနယ်လိုက်ရင် အရသာအတွက်ကောင်းသလို heterocyclic amines(HCAs)ဆိုတဲ့ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေထွက်နှုန်းကိုလည်း လျော့ကျသွားပါတယ်။

-အသားကင်တွေကို မကြာခဏစားတာကြောင့် တချို့လူတွေမှာ အဝလွန်စေနိုင်ပါတယ်။

-အသားတွေက အလွန်မြင့်တဲ့အပူချိန်နဲ့တွေ့ရင် ဓာတ်တိုးပြီးတော့ heterocyclic amines(HCAs)ဆိုတဲ့ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်။ အဲဒီလိုပြောင်းလဲသွားတဲ့အခါ မျိုးဗီဇဒီအင်န်အေကို ထိခိုက်စေတဲ့အတွက် ကင်ဆာဖြစ်စေနိုင်တယ်။ အဓိကအားဖြင့် ဆက်စပ်မှုရှိတာက အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေပဲဖြစ်ပါတယ်။ အကင်တွေ အများကြီးစားတဲ့အခါ အူမကြီးမှာ အသားပိုထွက်စေနိုင်ပြီး နောက်ပိုင်းကျရင် ကင်ဆာဖြစ်စေနိုင်တယ်လို့လည်း တချို့လေ့လာမှုတွေကဆိုပါတယ်။

-ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက အသားကင်တွေကို ရှောင်သင့်ပါတယ်။ အကြောင်းကတော့ အသားကင်တွေမှာအန္တရာယ်များတဲ့ ဘက်တီးရီးယားပိုး ဒါမှမဟုတ် ကပ်ပါးပိုးကပ်ငြိနေနိုင်လို့ပါ။

Most Popular

Healthy Life Ad
To Top