Healthy Life Ad
Q & A

၀က်သားကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားရမလဲ

မေး။ ကျွန်မတို့မိသားစုက အသားမှာဝက်ဆိုသလို ဝက်သားကို အကြိုက်ဆုံးပါ။ တချို့က ဝက်သားစားတာများရင် ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ ပြောကြပါတယ်။ ဝက်သားကိုကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားရမလဲ ဆရာမ။
မိုးမိုး၊ တာမွေ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)ဖြေကြားပေးပါသည်။

ဖြေ။ ဝက်သားက အဆီများတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာထဲမှာတော့ မပါဝင်ပါဘူး။ ဒါပေမဲ့ လူအတော်များများ က ဝက်သားကို ကြိုက်ကြတယ်၊ အဲဒီတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် စားတတ်ဖို့လိုပါတယ်။ ဝက်သား ၁၀ဝ ဂရမ်မှာဆို ရင် ၃၆၀ ကယ်လိုရီရ တယ်၊ အဲဒီအထဲမှာ ဝက်အဆီကရတဲ့ ကယ်လိုရီက ၁၀ဝ လောက်ရှိတယ်၊ တချို့က ဝက်သားကို အဆီအခေါက်မှကြိုက်ကြတယ်ဆိုတာမျိုးရှိကြတယ်၊ တကယ်တော့ အသားချည်းပဲ တောက်တောက်စဉ်းပြီး ရေနွေးနဲ့ကျက်အောင်ပြုတ်၊ ပြီးမှ အရသာအရည်နဲ့တို့စားတာမျိုး စားသင့်ပါတယ်။

ဝက်သားကို အကင်လုပ်စားတာထက် ဝက်သားကို ပေါင်းစားတာမျိုးက ပိုပြီးသင့်တော်ပါတယ်။ ဝက်သားက အနီရောင်အသားဖြစ်တဲ့အပြင် အဆီပါဝင်မှု ကလည်းများတယ်။ အနီရောင် အသားများများစားရင် ကင်ဆာဖြစ်နိုင်တယ်လို့ သတ်မှတ်ထားတယ်။ ဒါကြောင့် နေ့တိုင်း ဝက်သားစားတာမျိုးကတော့ မသင့်တော်ပါဘူး။ ဝက်သားကို ကြိုက်လို့စားချင်ရင်တောင် တစ်ပတ်မှာ တစ်ခါလောက်ပဲ ထည့်စားတာမျိုး၊ အဲဒီလို စားတဲ့အခါမှာလည်း အဆီမစားဘဲ အသားချည်းပဲ စားတာမျိုးလုပ်သင့်တယ်။ ဒါဆိုရင် မဝအောင်ကာကွယ်သလို သွေးတွင်းကိုလက်စထရော မတက်အောင်၊ ဆီးချိုရောဂါရှိသူတွေမှာ ဆီးချိုမတက်အောင် ကာကွယ်နိုင်ပါတယ်။

အခုနောက်ပိုင်းမှာ အနီရောင်အသားတွေကို တစ်လမှာ တစ်ခါ-နှစ်ခါစားရင် လုံလောက်ပါတယ်ဆိုတဲ့ သုတေသနတွေက ထွက်လာနေပါပြီ။ ဒါကြောင့် တစ်လလုံးမှာမှ တစ်ခါ-နှစ်ခါလောက်ပဲ စားသင့်ပါတယ်။ နောက်တစ်ခုပြောလိုတာက ဝက်သားမှာ ပိုးတွေပါသလို သန်ကောင်တွေလည်း အများကြီး ပါဝင်တာကြောင့် ဝက်သားကို ချက်တဲ့အခါမှာ ကျက်အောင် ချက်ပြီးစားရင် ပိုကောင်းပါတယ်။

Most Popular

Healthy Life Ad
To Top