၊ စူး(ဆေးဝါးတက္ကသိုလ်)၊
သခွားသီးသုပ် စားတာကြောင့် အောက်ပါကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။
– ဦးနှောက်ကို အကာအကွယ် ပေးပါတယ်။
– ကင်ဆာအန္တရာယ်ကို လျော့ကျ စေပါတယ်။
– ရောင်ရမ်းမှုကို တွန်းလှန် ပေးနိုင်ပါတယ်။
– အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်။
– ခံတွင်းရနံ့ သင်းပျံ့စေပါတယ်။
– စိတ်ဖိစီးမှုကို ထိန်းချုပ်ပေးပါတယ်။
– အစာခြေလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ပါဝင်ပစ္စည်းများ
– သခွားသီးနှစ်လုံး (လေးထောင့်တုံးလေးတွေ လှီးထားပါ။)
– လှီးထားတဲ့နံနံပင် ထမင်းစားဇွန်းတစ်ဇွန်း၊
– ရှလကာရည် ထမင်းစားဇွန်း သုံးဇွန်း၊
– ဆားနဲ့ငရုတ်ကောင်းမှုန့် အနည်းငယ်။
ပါဝင်ပစ္စည်းအားလုံးကို ရောပြီး သုပ်စားရမှာ ဖြစ်ပါတယ်။
(Ref;HD)