Healthy Life Ad
Health Tips

နေ့စဉ်ဝမ်းမှန်အောင် ဘာတွေမှီဝဲသင့်သလဲ

၊ မိမိုး (ဆေးဝါးတက္ကသိုလ်) ၊

ဝမ်းမှန်မှန်သွားမှသာ တစ်နေ့လုံး နေထိုင်ကောင်းပြီး သက်သောင့်သက်သာ ရှိနေမှာပါ။ ဒါမှသာ စိတ်သွားတိုင်း ကိုယ်ပါတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

w4
ကော်ဖီ
ဘာကြောင့်လဲ – ကဖင်းဓာတ် ပါဝင်လို့ပါ။
ကော်ဖီမှာ ကဖင်းဓာတ်ပါဝင်မှု များတာကြောင့် အစာကြေညက်တဲ့ လုပ်ငန်းဆောင်တာရှိပြီး ဝမ်းသွားအောင် လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ကိုလီဆိုက်တိုကိုင်နင် ပမာဏမြင့်မားတဲ့အတွက် အူမကြီး လှုပ်ရှားမှုကို ဟန်ချက် ညီစေပါတယ်။

w7
ငရုတ်သီး
ဘာကြောင့်လဲ – လှုံ့ဆော်မှု ရှိလို့ပါ။
ငရုတ်သီးမှာ ကပ်ဆိုက်စင်ဓာတ် ပါဝင်တာကြောင့် အစာကိုပူစေသလို အူမကြီးကို လှုံ့ဆော်နိုင်ပြီး ဝမ်းသွားချင်စိတ် တိုးစေပါတယ်။

w5
ဆီးသီး (ဇီးသီး)
ဘာကြောင့်လဲ – ဆော်ဘီတောနှင့် အမျှင်ဓာတ်
ဆီးသီး (ဇီးသီး) မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဝမ်းပမာဏ များများသွားစေပါတယ်။ ဆော်ဘီတောလို့ ခေါ်တဲ့ သဘာဝ၀မ်းပျော့ဆေး ပါဝင်မှုများတာကြောင့် အူမကြီးထဲ ရေဆွဲအားများစေပြီး အူလှုပ်ရှားမှုကို လှုံ့ဆော်ပေးပါတယ်။

w2
ထောပတ်သီး
ဘာကြောင့်လဲ – မဂ္ဂနီဆီယမ်ဓာတ်
ထောပတ်သီးမှာ မဂ္ဂနီဆီယမ်ပါဝင်မှု မြင့်မားတာကြောင့် ကြွက်သားတွေကို အနားရစေပါတယ်။ အူကြွက်သားတွေကို သက်သောင့်သက်သာ ရှိစေပြီး ရေဆွဲအားရှိတဲ့အတွက် အူလှုပ်ရှားမှု ကောင်းမွန်ကာ ဝမ်းပျော့ပျော့ သွားစေနိုင်ပါတယ်။

w6
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး
ဘာကြောင့်လဲ – အမျှင်ဓာတ်
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ ဘယ်ရီသီးတွေမှာ အမျှင်ဓာတ်ပါဝင်မှု များတာကြောင့် ဝမ်းများများ သွားစေနိုင်ပါတယ်။ စတော် ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးနဲ့ ဘလက်ခ်ဘယ်ရီသီးတွေကို စားပေးပါ။

W1
ပန်းဂေါ်ဖီစိမ်း
ဘာကြောင့်လဲ – အမျှင်ဓာတ်
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်နဲ့ အမျှင်ဓာတ်ပါဝင်မှု များလွန်းတာကြောင့် စူပါအစာလို့ တင်စားသလို အစာကြေညက်အောင် လှုံ့ဆော်နိုင်ပါတယ်။

w9
အုန်းဆီ
ဘာကြောင့်လဲ – ဖက်တီးအက်ဆစ်
ဖက်တီးအက်ဆစ်တွေက ရေတွေကို အစာခြေလမ်းကြောင်းစနစ်ထဲ ဆွဲတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။

w8
ငှက်ပျောသီးမှည့်
ဘာကြောင့်လဲ – အမျှင်ဓာတ်
ငှက်ပျောသီးမှည့်မှာ ပျော်ဝင်တဲ့အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေလမ်းကြောင်း လှုပ်ရှားမှုကို အားကောင်းစေပြီး ဝမ်းမှန်မှန် သွားစေပါတယ်။ မမှည့်တဲ့ ငှက်ပျောသီးမှာတော့ ဒီအာနိသင် မရှိပါ ဘူး။

Most Popular

Healthy Life Ad
To Top