Healthy Life Ad
Health Tips

ညဘက် ချောင်းဆိုးခြင်း

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ချောင်းဆိုးတဲ့အခါ မောပန်းတဲ့အပြင် ညဘက်မှာ ချောင်းဆိုးရင် အိပ်မပျော်တာနဲ့ နွမ်းနယ်တာပါ ပိုအဖြစ်များစေပါတယ်။ ချောင်းဆိုးတာ သက်သာစေဖို့ သဘာဝကုထုံးတွေ ရှိပါတယ်။

သဘာဝဆေး(၁) – ဆားရေနွေး

ညဘက်ချောင်းဆိုးနေရင် ရေနွေးတစ်ဖန်ခွက်ထဲ ဆား ထမင်းစားဇွန်းတစ်ဇွန်းထည့်ဖျော်ပြီး ပလုတ်ကျင်းပေးပါ။

သဘာဝဆေး(၂) – လက်ဖက်စိမ်း ရေနွေးကြမ်း

ညအိပ်ရာမဝင်ခင် လက်ဖက်စိမ်းရေနွေးကြမ်း တစ်ခွက်သောက်လိုက်ပါ။ လည်ချောင်း ရောင်ရမ်းနာကျင်မှုသက်သာစေပြီး အချွဲပျော်စေပါတယ်။

သဘာဝဆေး(၃) – ပျားရည်

ရေနွေးထဲ ပျားရည် လက်ဖက်စားဇွန်းတစ်ဇွန်းခပ်ပြီး သောက်ရင်လည်း ချောင်းဆိုးသက်သာစေပါတယ်။ (ကလေးငယ်တွေကို ပျားရည်မတိုက်ရပါ)

သဘာဝဆေး(၄) – သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီပါတဲ့အတွက် ညဘက်သောက်ရင် ချောင်းဆိုးသက်သာစေပါတယ်။

သဘာဝဆေး(၅) – ဦးခေါင်းမြှင့်အိပ်စက်ခြင်း

ချောင်းဆိုးလွန်းလို့ အိပ်မပျော်ဖြစ်နေရင် ခေါင်းအုံးနည်းနည်းမြှင့်ပြီး အိပ်စက်ပေးပါ။ ချောင်းဆိုးတဲ့ ဝေဒနာသက်သာစေပါတယ်။

သဘာဝဆေး(၆) – ရေတစ်ဖန်ခွက်

ချောင်းဆိုးတဲ့ ဝေဒနာသက်သာစေပြီး လည်ချောင်းစိုထိုင်းဆများစေဖို့ ရေတစ်ဖန်ခွက်သောက်လိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top