Healthy Life Ad
Health Tips

သင့်ဆံပင်က ပြသနေသော ခန္ဓာကိုယ်ကျန်းမာရေး

မီမိုး ( ဆေးဝါးတက္ကသိုလ်)
ဆံပင်သားတွေက အရင်လိုမဟုတ်ဘဲ ကျွတ်တာသိပ်များနေရင် ခန္ဓာကိုယ် ကျန်းမာရေး မကောင်းတာဖြစ်နိုင်သလို ရောဂါဝေဒနာတစ်ခုခုအတွက် မှီဝဲတဲ့ ဆေးတွေကြောင့် ဆံပင်သားထိခိုက်တာလည်းဖြစ်နိုင်ပါတယ်။

ဆံပင်ကျွတ်လွန်းလျှင်
ဆံပင်ကျွတ်တာများလွန်းလို့ စိတ်ညစ်နေပါသလား။ အရင်ဆုံးသင်လျှော်တဲ့ ခေါင်းလျှော်ရည်အမျိုးအစား ပြောင်းသွားလို့လား ဆန်းစစ်ကြည့်ပါ။ ဒါမှမဟုတ် အစားအသောက်တွေ လျှော့လွန်းပြီး ရုတ်တရက်ကိုယ်အလေးချိန် ကျသွားတာနဲ့ စိတ်ဖိစီးမှုများတာတို့ကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ တချို့လူတွေမှာ မျိုးရိုးအရ ဆံပင်ကျွတ်နှုန်းများတတ်ပါတယ်။

ဆံပင်ခြောက်သွေ့ကြမ်းတမ်းနေလျှင်
နေပူဒဏ်ထိတာကြောင့် ဆံပင်ကြမ်းတမ်း ခြောက်သွေ့စေနိုင်ပါတယ်။ အပြင်ထွက်ရင် ဦးထုပ် ဒါမှမဟုတ် ထီးဆောင်းပါ။

ဗောက်ထူလျှင်
ဗောက်များနေရင် ဖန်းဂတ်စ်မှိုကြောင့် ဖြစ်နိုင်ပါတယ်။ ဆံပင်အဆီပြန်လွန်တာ၊ ရာသီဥတု အေးပြီး ခြောက်သွေ့တာနဲ့ ခေါင်းဦးရေပြားမှာ အနာရှိတာတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆေးဝါးအချို့ မှီဝဲနေလျှင်

ခန္ဓာကိုယ် ကျန်းမာရေးပြဿနာတွေအတွက် ဆေးဝါးတချို့မှီဝဲနေရရင် အဲဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

ဆံပင်သားကျန်းမာစေရန်
ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်နှုန်းများတတ်ပါတယ်။ ဆံပင်သန်စွမ်းကျန်းမာစေဖို့ အိုမီဂါ ၃ ဖက်တီး အက်ဆစ်၊ သွပ်(ဇင့်)ဓာတ်တို့ပါတဲ့ အစာတွေကိုစားပေးပါ။ ကမာကောင်၊ သစ်ကြားသီးနဲ့ အခွံမာသီးအစေ့အဆန်တွေကို များများစားပေးနိုင်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top