Healthy Life Ad
Health Tips

အရွယ်ရလာချိန် ဖြစ်တတ်သော ဝေဒနာတို့အား ဖြေရှင်းနည်းများ

——–၊ လရိပ်မေ ၊——–

ဒီနည်းလမ်းတွေက နာမည်ကြီးဆရာဝန် Dr.Oz ရဲ့ အရွယ်ရလာချိန်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို ဟန့်တားကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ဇီဝရုပ်ဖြစ်ပျက်မှု နှေးနေပြီလား

အစာစားချိန် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ စားနိုင်ဖို့ လက်ထဲမှာ မုန့်ဆောင်ထားပါ။ ဒါဆိုရင် အစာစားတဲ့အခါ အလွန်အမင်းမစားမိအောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် သကြားမပါတဲ့ ပီကေဝါးပေးတာကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

လိင်ဆက်ဆံစဉ် နာကျင်နေသလား

မိန်းမကိုယ်ခြောက်သွေ့မှုကြောင့် ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ချောမွေ့စေဖို့ အီစထရိုဂျင်ခရင်မ်ကို တစ်ပတ်မှာတစ်ကြိမ် သုံးနိုင်ပါတယ်။ ဒါဆိုရင် အသက် ၄၀ ကျော်ချိန်မှာ အဆင်ပြေနိုင်ပါတယ်။ သံလွင်ဆီစစ်စစ်ကိုသုံးရင်လည်း အဆင်ပြေပါတယ်။

အရေးကြောင်း ထင်နေပြီလား

အရေးကြောင်းကင်းစေဖို့ သုံးတဲ့ အလှကုန်ထဲက ပါဝင်ပစ္စည်းတွေကို အလေးထားပါ။ အရေးကြီးဆုံး ပါဝင်ပစ္စည်းနှစ်မျိုးက ပပ်တိုက် (Peptides) နဲ့ ရက်တီနော (Retinol)တို့ ဖြစ်ကြပါတယ်။ ပပ်တိုက်က အရေးကြောင်းတွေကို ချောမွေ့စေပြီး ကော်လာဂျင်တွေကို တင်းရင်းစေကာ ရက်တီနောက အရေပြားရောင်ရမ်းပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေတာမျိုးမရှိဘဲ အရေးကြောင်းတွေကို ဖြည်းဖြည်းချင်း လျော့ပါးသက်သာစေပါတယ်။

အရေပြား လျော့တွဲနေပြီလား

တစ်ပတ်မှာနှစ်ကြိမ် လေ့ကျင့်ခန်းလုပ်တာကြောင့် အရေပြားတင်းရင်းစေပါတယ်။ ထိုင်-ထ လေ့ကျင့်ခန်းလုပ်တာကြောင့် ပေါင်နဲ့တင်ပါးတွေကို တင်းရင်းစေပါတယ်။

(Ref;healthywomen)

Most Popular

Healthy Life Ad
To Top