– လေ့ကျင့်ခန်းကို အပြင်းအထန် မလုပ်မိပါစေနဲ့။
– လေ့ကျင့်ခန်း မလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ အကြောဆွဲဆန့်တဲ့ လေ့ကျင့်ခန်း ကိုလုပ်ပေးရပါမယ်။
– လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီးချိန်တွေမှာ ရေများများသောက်ပါ။ ဒီနည်းက ကြွက်သားတွေကို အကောင်းဆုံး အနေအထားဖြစ်အောင်ထိန်းပေးပါလိမ့်မယ်။
– လွယ်ကူတဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ပါ။ လွယ်ကူတဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်တာကြောင့် နာကျင်တောင့်တင်းနေတဲ့ ကြွက်သားတွေကို အနာကျက်မြန်စေပါတယ်။