Health Tips
ခွဲစိတ်ကုသပြီးချိန်မှာ . . .
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— ကျန်းမာရေးအခြေအနေတစ်ရပ်ကြောင့် ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ နာကျင်မှုကို ခံစားရနိုင်သလို ခွဲစိတ်ကုသထားတဲ့နေရာတ၀ိုက်မှာ ရောင်ရမ်းမှုနဲ့ တောင့်တင်းမှုတို့ကိုပါ ခံစားရနိုင်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ ခံစားရတဲ့ နောက်ဆက်တွဲပြဿနာတွေအကြောင်းကို ခွဲစိတ်ကုဆရာဝန်က မခွဲစိတ်ခင်ကတည်းက ရှင်းပြပြီး ဖြစ်ပါလိမ့်မယ်။ ခွဲစိတ်ကုသပြီးချိန်မှာ သင်ခံစားရတဲ့ ဝေဒနာတွေပေါ်မူတည်ပြီး...