Healthy Life Ad
Health Tips

ဝမ်းဗိုက်ချပ်ရပ်စေမည့် ထိရောက်သော အသက်ရှူလေ့ကျင့်ခန်း ၈ မျိုး

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ဒီနည်းက ယောဂကျင့်စဉ်နဲ့ အသက်ရှူသွင်းတဲ့ နည်းလမ်းတွေကို ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပြီး ၀မ်းဗိုက်ကြွက်သားတွေကို ကျစ်လျစ်သန်စွမ်းစေပါတယ်။


(၁) ရင်ဝမ်းတားကြွက်သားသုံးပြီး အသက်ရှူခြင်း

အသက်ပြင်းပြင်းရှူသွင်းတဲ့ ဒီနည်းက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ၀မ်းဗိုက်ကြွက်သားရှိအဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဖျာတစ်ချပ်ပေါ် ပက်လက်လှန်လှဲလျောင်းပြီး ၀မ်းဗိုက်ပေါ်လက်တင်ကာ အသက်ရှူတာကိုထိန်းပါ။ လက်အောက်က ၀မ်းဗိုက်ကျယ်ပြန့်သွားတဲ့အထိ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပါ။ စူထားတဲ့ နှုတ်ခမ်းကနေ လေပြန်ထုတ်ပါ။ ဒီနည်းကို အချိန် ၅-၁၀မိနစ်ခန့်ပြုလုပ်ပါ။ နောက်ပိုင်းမှာ ထိုင်ရင်း ဒါမှမဟုတ် မတ်တပ်ရပ်ရင်းပြုလုပ်နိုင်ပါတယ်။


(၂) ၀မ်းဗိုက်ချပ်ရပ်စေမည့် အသက်ရှူခြင်း

ဒီလေ့ကျင့်ခန်းက ၀မ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ဖျာတစ်ချပ်ပေါ်မှာ ဒူးကွေးကာ ပက်လက်လှန် လှဲလျောင်းရင်း လေကိုသင်တတ်နိုင်သလောက် ဖြည်းဖြည်းချင်းရှူသွင်းပါ။ ပြီးရင် ဖြည်းဖြည်းချင်း လေရှူထုတ်ပေးပါ။ ဒီအနေအထားအ တိုင်း ၁၅-၂၀စက္ကန့်ကြာနေပါ။ ဒီလေ့ကျင့်ခန်းကို အကြိမ်များများ ပြုလုပ်နိုင်ပါတယ်။


(၃) အဆုတ်ပြည့်ဝသည်အထိ အသက်ရှူခြင်း

ဒီအသက်ရှူနည်းက ရေတိုအသက်ရှူထုတ်တာနဲ့ ရေရှည်အသက်ရှူသွင်းတာတို့ တစ်လှည့်စီ လုပ်ရတာပါ။ ဖျာတစ်ချပ်ပေါ်မှာ ဒူးကွေးရင်း ခြေထောက်ယှက်ကာထိုင်ပါ။ လက်တွေကို ဒူးပေါ်တင်ထားပါ။ အသက်ပြင်းပြင်းရှူသွင်းပါ။ အဆုတ်တစ်ခုလုံး ပြည့်တယ်လို့ ခံစားရတဲ့အထိ လေရှူသွင်းပြီး အသက်ရှူထုတ်ရာမှာ ကျောရိုးဆီကို ဆန့်ထုတ်ပါ။ ဒီလေ့ကျင့်ခန်းကို ၃၀-၆၀ စက္ကန့်ပြုလုပ်ပါ။


(၄) နှာခေါင်းဖြင့် အသက်ရှူခြင်း

ခြေဖနောင့်ပေါ် ဒါမှမဟုတ် ခြေထောက်ယှက်ပြီးထိုင်ပါ။ ကျောရိုးကို ဖြောင့်ထားပြီး ပခုံးတွေကို ဖြေလျှော့ထားပါ။ သင့်ဘယ်လက်ကို ဘယ်ဘက်ဒူးပေါ် ဖြန့်တင်ပြီး လက်မထိပ်နဲ့ လက်ညှိုးထိပ်ကို ထိထားပါ။ နောက်လက်တစ်ဖက်ရဲ့ လက်ညှိုးနဲ့ လက်ခလယ်ကို မျက်ခုံးနှစ်ခုကြား နဖူးပေါ်တင်ပါ။ လက်သူကြွယ်နဲ့ လက်သန်းကို ဘယ်နှာခေါင်းပေါ်၊ လက်မကို ညာနှာခေါင်းပေါ်တင်ပါ။

ညာနှာခေါင်းကို လက်မနဲ့ ဖြည်းဖြည်းချင်းဖိပြီး ဘယ်နှာခေါင်းနဲ့ အသက်ရှူထုတ်ပါ။ ပြီးရင် ဘယ်နှာခေါင်းနဲ့ အသက်ရှူသွင်းပါ။ ဘယ်နှာခေါင်းကို ညာလက်ချောင်းနဲ့ဖိပြီး ညာနှာခေါင်းကတစ်ဆင့် အသက်ရှူထုတ်ပါ။ ပြီးရင် ညာနှာခေါင်းနဲ့ အသက်ရှူသွင်းပါ။ ဒီလှုပ်ရှားမှုက လေ့ကျင့်ခန်းကျင့်စဉ်တစ်ခုဖြစ်ပြီး ဒါမျိုး ၅-၁၀ ကြိမ်လုပ်ပေးပါ။


(၅) အားသုံးပြီး အသက်ရှူသွင်းခြင်း

ဖျာတစ်ချပ်ပေါ်မှာ ပခုံးနဲ့လည်ပင်းဖြောင့်ဖြောင့် ထားပြီးထိုင်ပါ။ ဒူးပေါ်မှာ လက်ဖ၀ါးဖြန့်တင်ထားပါ။ ၀မ်းဗိုက်ကြွက်သားတွေကို အနားယူပြီး မျက်လုံးမှိတ်ထားပါ။ အသက်ရှူသွင်းတာနဲ့ ရှူထုတ်တာကို အားနဲ့ပြုလုပ်ပါ။ ခပ်ပြင်းပြင်း အသက်ရှူသွင်းလိုက်၊ ရှူထုတ်လိုက်လုပ်ပါ။ ဒီလေ့ကျင့်ခန်းကို ငါးမိနစ်လုပ်ပါ။


(၆) မျက်ဝန်းမှိတ်ပြီး အသက်ရှူသွင်းခြင်း

ဖျာတစ်ချပ်ပေါ် ခြေထောက်ယှက်ထိုင်ပါ။ ပခုံးတွေကို ဖြေလျှော့ပြီး ကျောရိုးကို ဖြောင့်ထားပါ။ နားကို လက်မနဲ့ပိတ်ပြီး လက်ညှိုးက မျက်ခုံးအထက်မှာတင်ပါ။ လက်သူကြွယ်နဲ့ လက်ခလယ်ကို ပိတ်ထားတဲ့ မျက်ဝန်းပေါ်တင်ပါ။ ပါးစပ်ပိတ်ပြီး ဖြည်းဖြည်းချင်း အသက်ရှူသွင်းလိုက်၊ ရှူထုတ်လိုက်လုပ်ပါ။ ၅-၁၀ ကြိမ်လုပ်ပါ။


(၇) အသက်ပြင်းပြင်းရှူခြင်း

ကြမ်းပြင်ပေါ်ထိုင်ပြီး ကျောရိုးနဲ့လည်ပင်းကို ဖြောင့်ဖြောင့်ထားပါ။ လက်တွေကို ပေါင်ပေါ် ဒါမှမဟုတ် ဒူးပေါ်တင်ပါ။ မျက်စိမှိတ်ပြီး နှာခေါင်းကနေ တစ်မိနစ်ခန့် အသက်ရှူပါ။ မျက်နှာကြွက်သားတွေကို ဖြေလျှော့ထားပါ။ လေးအထိ ရေတွက်ရင်း အသက်ရှူထုတ်ပါ။ လေရှူချိန်နဲ့ လေထုတ်ချိန် တူညီပါစေ။ ၅-၁၀ မိနစ် ကြာပြုလုပ်ပါ။


(၈) ဗိုက်ရှပ် အသက်ရှူခြင်း

ဖျာတစ်ချပ်ပေါ်မှာ ဒူးနောက်ပြန်ကွေးထိုင်ပါ။ လက်နှစ်ဖက်ကို ဒူးပေါ်တင်ပြီး ခေါင်းငုံ့ကာ ရင်ဘတ်နဲ့ ၀မ်းဗိုက်ကိုရှပ်ပြီး အသက်ရှူသွင်းပါ။ အသက်ရှူထုတ်ပြီး ၀မ်းဗိုက်ကြွက်သားကို ဖြေလျှော့ပါ။

အန္တရာယ်ကို သတိထားပါ

ဒီနည်းက လူတိုင်းနဲ့ မသင့်တော်ဘဲ တချို့လူတွေအတွက် အန္တရာယ်ရှိတာကြောင့် အခြေခံကျန်းမာရေးပြဿနာရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ဒီအသက်ရှူတဲ့ လေ့ကျင့်ခန်းက ၀မ်းဗိုက်အဆီတွေကို တွန်းလှန်ချေဖျက်ရာမှာ ထိရောက်မှုရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top