Healthy Life Ad
Q & A

ချွေးထွက်များတယ် . . .

မေး. ကျွန်တော်က ချွေးထွက်များပါတယ်။ ဘယ်လို အစားအသောက်တွေစားရင် ချွေးထွက်တာကို ပိုအားပေးပါသလဲ။ ဘယ်လိုအစားအသောက်တွေ စားသောက်ပေးသင့်ပါသလဲ။
ကိုမြင့်ဝင်း၊ တာမွေ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကာနစ်တရပ်စ်ဓာတ် များများပါတဲ့ အစားအသောက်တွေစားရင် ချွေးထွက်များပါတယ်။ ချွေးထွက်များတဲ့သူတွေက သံပရာရည် သောက်ပေးရပါမယ်။ တကယ်လို့ သွေးတိုးရောဂါမရှိဘူးဆိုရင် သံပရာရည်ထဲကို ဆားနည်းနည်းလေးခတ်ပြီး သောက်ပေးရပါမယ်။ ဓာတ်ဆားရည်လည်း သောက်လို့ရပါတယ်။ ချွေးထွက်များတဲ့သူတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolic Rate) များနေလို့ ဖြစ်ရတာပါ။ ပိန်ဆေးတချို့က ချွေးအရမ်းထွက်ပါတယ်။ အဲဒီလိုဆေးတွေလည်း ဘာမှမသောက်ဘဲ ချွေးတအားထွက်နေရင် သဘာဝကိုက Metabolic Rate များနေလို့ဖြစ်ရတာပါ။ ဒီလိုလူတွေက ကိုယ်နံ့မထွက်အောင် ရေများများချိုးပေးရပါတယ်။ ရေအေးတွေ များများသောက်ပေးရပါတယ်။ သံပရာရည်သောက်လို့ရပါတယ်။ တစ်ခုကောင်းတာက ချွေးထွက်တော့ အသားအရေက သူများထက် ပိုစိုပြည်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top