Healthy Life Ad
Health Tips

အစာအိမ်ထဲ အစာမရှိချိန် ကြက်သွန်ဖြူကို ဘာကြောင့်စားသင့်တာလဲ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) (Ref;HD)

ဗိုက်ထဲအစာမရှိခင် ကြက်သွန်ဖြူစားရင် ကောင်းသလား၊ ဆိုးသလားဆိုတာနဲ့ပတ်သက်ပြီး လေ့လာမှုတွေ အမျိုးမျိုးလုပ်ခဲ့ကြပါတယ်။ လေ့လာမှုရလဒ်တွေအရ ဗိုက်ထဲအစာမရှိချိန် ကြက်သွန်ဖြူစားတာကြောင့် ကြက်သွန်ဖြူကို အစွမ်းထက် ပဋိဇီဝပိုးသတ်ဆေးအာနိသင်အဖြစ် ပြောင်းလဲသွားစေတယ်လို့ တွေ့ရှိခဲ့ရပါ တယ်။ မနက်စာမစားခင် ကြက်သွန်ဖြူစားတာက ပိုထိရောက်မှုရှိပါတယ်။

သွေးတိုးရောဂါရှိသူတွေမှာ ကြက်သွန်ဖြူစားတာကြောင့် သွေးတိုးရောဂါလက္ခဏာဝေဒနာတွေကို သက်သာစေပါတယ်။ ကြက်သွန်ဖြူစားရင် သွေးလှည့်ပတ်မှုကောင်းပြီး နှလုံးရောဂါပြဿနာတွေမဖြစ်အောင် ကာကွယ်ကာ ဆီးအိတ်နဲ့ အသည်းလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေလို့ဖြစ်ပါတယ်။ ကြက်သွန်ဖြူစားတာကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါလို အစာအိမ်ဝေဒနာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အာရုံကြောပြဿနာတွေကို လျော့ပါးစေပါတယ်။

ကြက်သွန်ဖြူစားတာကြောင့် အစာစားချင်စိတ်နဲ့ အစာချေဖျက်မှုကို အားကောင်းစေတဲ့အတွက် အစာအိမ်ထဲက ကျန်းမာရေးပြဿနာအမျိုးမျိုးကို ကုသပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ အဆိပ်အတောက်ပြေစေတဲ့အစွမ်းရှိတဲ့အပြင် တုပ်ကောင်နဲ့ကပ်ပါးကောင်တွေကို တွန်းလှန် ပေးပါတယ်။ ဒါ့အပြင် ၀မ်းပျက်ဝမ်းလျှောရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုးနဲ့ စိတ်ကျရောဂါတွေလို ကျန်းမာရေးပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူ၏ ကောင်းကျိုးများ

– ကြက်သွန်ဖြူက အသက်ရှူလမ်းကြောင်းပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ နမိုးနီးယားအဆုတ်ရောင် ရောဂါ၊ တီဘီရောဂါ၊ လေပြွန်ရောင်ရမ်းနာနဲ့ ပန်းနာရင်ကျပ်ရောဂါတို့မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– ကြက်သွန်ဖြူကို ဆူပွက်နေတဲ့ရေထဲ ထည့်ပြုတ်ပြီး စားတာကြောင့် လိပ်ခေါင်းနဲ့ဝမ်းပျက်ဝမ်းလျှောရောဂါ တွေကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top