Healthy Life Ad
Child

သင်ပိန်တာက ပိန်ရုံသက်သက်ပဲလား၊ အာဟာရဓာတ်တွေ ချို့တဲ့နေတာလား . . .

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )
အလုပ်ရှုပ်တဲ့ လူနေမှုပုံစံကြောင့် အစာကို ဖြစ်သလို စားလိုက်တဲ့အတွက် တစ်ခါတစ်ရံ လူတွေဟာ ကိုယ်အလေးချိန် လျော့ကျပြီး ပိန်သွားတတ်ကြပါတယ်။ အဆီပိုတွေ လျော့ကျပြီး ပိန်သွယ်သွားတာဆိုရင် အကြောင်းမဟုတ်ပေမယ့် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ချို့တဲ့နေရင် ကျန်းမာရေးအတွက်နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပိန်တာက ပိန်ရုံသက်သက်ပဲ လား၊ အာဟာရဓာတ်ပါ ချို့တဲ့နေသလားဆိုတာ သိနိုင်ဖို့ ဆန်းစစ်နည်းတွေ ဖော်ပြလိုက်ပါတယ်။

မျက်နှာအရေပြားကို ကြည့်ပါ
သင့်မျက်နှာအသားအရေနဲ့ နှာခေါင်းဘေးတစ်ဝိုက်မှာ နီမြန်းစေးကပ်တဲ့ အဖတ်တွေ ထနေရင်-
ဗီတာမင် B2 ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

သင့်နှာခေါင်းနဲ့ နဖူုးမှာ ၀က်ခြံလို နီမြန်းရောင် ရမ်းရာတွေ ရှိနေရင်-
ဗီတာမင် B6 ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

လက်ကို ကြည့်ပါ
သင့်လက်တွေက အမြဲအေးနေတယ်ဆိုရင်-
မဂ္ဂနီဆီယမ် ချို့တဲ့တာ၊ သိုင်းရွိုက်ရဲ့ လုပ်ငန်း ဆောင်တာ အားနည်းတာ၊ နှလုံးအလုပ်လုပ်နိုင်စွမ်း လျော့ကျပြီး နာတာရှည် နုံးချည့်နေတာတို့ ဖြစ်နိုင်ပါတယ်။

လက်သည်း၊ ခြေသည်းကို ကြည့်ပါ
သင့်လက်သည်းမှာ အဖြူစက်တွေရှိနေရင်-
သတ္တုဓာတ်ချို့တဲ့တာ၊ အထူးသဖြင့် ဇင့်(သွပ်) ဓာတ်လျော့နည်းတာကြောင့် ဖြစ်တတ်ပါတယ်။

သင့်လက်သည်းမှာ အစင်းရာတွေ ရှိနေရင်-
ဇင့်(သွပ်)ဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တတ်ပါတယ်။

သင့်လက်သည်းကြွပ်ဆတ်နေရင်၊ ပျော့နေရင်-
မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

သင့်လက်သည်း ကျိုးပဲ့လွယ်ရင်-
သတ္တုဓာတ်အမျိုးမျိုး ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

မျက်စိကို ကြည့်ပါ
သင့်မျက်စိမှာ အတွင်းတိမ်ဖြစ်နေရင်-
ဖရီးရယ်ဒီကယ်လ်တွေ များနေလို့ ဒါမှမဟုတ် ခရိုမီယမ်ဓာတ် ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

သင့်မျက်ကွင်းညိုနေရင်၊ မျက်အိတ်ဖောင်းနေရင်-
ဓာတ်မတည့်မှု ဒါမှမဟုတ် အစာနဲ့ မတည့်မှုကြောင့် ဖြစ်နိုင်ပါတယ်။

ပါးစပ်ကို ကြည့်ပါ
သင့်လျှာက ဖျော့ပြီး အက်ကြောင်းရှိနေရင် –
သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။

သင့်လျှာ နာကျင်တဲ့ အက်ရာအနာရှိနေရင်-
ဗီတာမင် B3 ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

သင့်လျှာ ပူစပ်ပူလောင်ဖြစ်ပြီး နှုတ်ခမ်းသား ကွာနေရင် –
ဗီတာမင် B2 ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

သင့်လျှာက ချောမွေ့နေပေမယ့် ရောင်ရမ်း နာကျင်နေရင် –
ဖောလစ်အက်ဆစ်ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။
ဗီတာမင် B2 ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

သင့်နှုတ်ခမ်း အက်ကွဲနေရင် –
ဗီတာမင် B2 ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

ခြေထောက်ကို ကြည့်ပါ
သင့်ခြေသလုံးကြွက်သား တောင့်တင်းနေရင်-
မဂ္ဂနီဆီယမ်ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

နှလုံးကို ကြည့်ပါ
နှလုံးခုန်မမှန်တာ၊ သွေးတိုးတာတို့ဖြစ်နေရင် –
မဂ္ဂနီဆီယမ်နဲ့ ကိုအင်ဇိုင်းQ10 ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

လည်ချောင်းကို ကြည့်ပါ

သင့်သိုင်းရွိုက်ရောင်နေရင်-
အိုင်အိုဒင်းဓာတ်ချို့တဲ့တာ ဒါမှမဟုတ်သိုင်းရွိုက်ဟော်မုန်း လျော့နည်းတာကြောင့် ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်အရေပြားကို ကြည့်ပါ
သင့်အရေပြားမှာ အကြောပြတ်ရာ ရှိနေရင်-
ဇင့်(သွပ်)ဓာတ်ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

သင့်အရေပြားက သွေးအဆက်မပြတ်ထွက်နေရင် –
ဗီတာမင်စီ ဒါမှမဟုတ် ဗီတာမင်ကေ ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

သင့်အရေပြား ခြောက်သွေ့အက်ကွဲနေရင်-
ဗီတာမင်စီ ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

သင့်လက်ဖ၀ါးတွေ ဖျော့တော့နေရင် –
ဘီတာကယ်ရိုတင်းဓာတ်ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

သင့်အရေပြားက မာကြမ်းနေရင် –
မရှိမဖြစ် ဖက်တီးအက်ဆစ်ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။</p.

Most Popular

Healthy Life Ad
To Top