Healthy Life Ad
Health Tips

အချိန် ငါးမိနစ်သာပေးရမည့် ကိရိယာလွတ် လေ့ကျင့်ခန်း

ကိုထက်

ဘယ်နေရာမှာမဆို၊ ဘာကိရိယာမှမလိုဘဲ အချိန်ငါးမိနစ်သာပေးပြီး ကျင့်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက တစ်နေ့လုံး အပန်းပြေနေစေပြီး စိတ်ခံစားမှု ကောင်းမွန်နေမှာပါ။

1
(၁) ချားစ်လိစ်၏ နတ်မိမယ်ပုံစံ လေ့ကျင့်ခန်း
ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်း တစ်ဖက်ကိုချထားပါ။ ဒူးကိုထောက်မထားဘဲ ခြေကျင်းဝတ်အပေါ်မှာ ရှိနေရပါမယ်။ လက်ကို ဆန့်တန်းထားပြီး ပခုံးကြွက်သားတွေကို လျော့ထားပါ။ ဗိုက်ကို တောင့်တင်းနေအောင် ချပ်ရပ်ထားပြီး ပုံပါအတိုင်း ခါးကို လှည့်လိုက်ပါ။ တစ်ဖက်ကိုစက္ကန့် ၃၀ ခန့်လှည့် ပေးပါ။ ပြီးရင် ခြေထောက်ပြောင်းပြီး တစ်ကြိမ်ထပ် လုပ်ပါ။ပိုထိရောက်အောင် – ခါးကို လိမ်လိုက်တဲ့ အချိန်မှာ ခြေတံနှစ်ဖက်လုံးကို ဖြောင့်နေအောင်ထားပါ။

2
(၂) ဒူးထောက်သည့် လေ့ကျင့်ခန်း
ကြမ်းပြင်မှာ ညာဒူးထောက်ကာ ဘယ်လက်နဲ့ ထောက်ထားပြီး ကျန်တဲ့ ခြေနဲ့လက်ကို ပုံပါအတိုင်းဆန့် တန်းထားပါ။ တင်ပါးနဲ့ပခုံးက တစ်တန်းတည်း ဖြစ်နေရပါမယ်။ ခေါင်းက တစ်နေရာကိုသာ စိုက်ကြည့်နေရပါမယ်။ အဲဒီနောက် ဆန့်တန်းထားတဲ့ ခြေထောက်နဲ့လက်ကို ပုံပါအတိုင်း ကွေးလိုက်၊ ပြန်ဆန့်လိုက် . . လုပ်ပေးပါ။ပိုထိရောက်အောင် – ခြေထောက်တစ်ဖက်စီထောက်ပြီး စက္ကန့် ၃၀ ကြာလုပ်ပေးပါ။ ပြီးရင် နောက်တစ်ဖက် ပြောင်းလုပ်ပါ။

3
(၃) လက်ထောက်မှောက် လေ့ကျင့်ခန်း
လက်ထောက်မှောက် လေ့ကျင့်ခန်း အနေအထားပုံစံအတိုင်းနေရပြီး လက်ကိုဆန့်ထုတ်လိုက်၊ ပြန်ကွေးလိုက် လုပ်ပေးရပါမယ်။ လက်ကို ကွေးချလိုက်တဲ့အချိန်မှာ ၀မ်းဗိုက်ကို ကြမ်းပြင်နဲ့ မထိစေဘဲနဲ့ ဒူးနဲ့ပဲ ထိရပါမယ်။ပိုထိရောက်အောင် – လက်ကိုဆန့်ထုတ်တဲ့အချိန်မှာ ခြေချောင်းတွေအပေါ်မှာ အားပြုပေးပါ။ စက္ကန့် ၆၀ ကြာ လုပ်ပေးပါ။

4
(၄) လက်ပြန်ဆွဲ လေ့ကျင့်ခန်း
ပုံပါအတိုင်း ကြမ်းပြင်ပေါ်မှာ မှောက်ရက်လှဲကာ လည်ပင်းကို ပုံမှန်အတိုင်းထားပါ။ လက်များကို ဘေးသို့ ဆန့်ထားပြီး လက်မထောင်ထားပေးပါ။ ပခုံးကြွက်သားတွေကို အားပြုပြီး လက်နှစ်ဖက်ကို နောက်သို့ ဆွဲတင်လိုက်ပါ။ ခြေထောက်တွေကို တောင့်ထားပေးပါ။ ပိုထိရောက်အောင် – လည်ပင်းကို တည့်တည့်သာထား ပြီး ရင်ဘက်ကြွက်သားတွေကိုပါ တောင့်ထားပါ။ စက္ကန့် ၆၀ လုပ်ပေးပါ။

5
(၅)ကြွက်သားဖိအား လေ့ကျင့်ခန်း
ခါးကို ဖြောင့်ထားပြီး ပုံမှာပြထားတဲ့အတိုင်း လက်မောင်းကို နောက်ဘက်ထောက်ထားပါ။ လည်ပင်းကို မတ်ထားကာ ခြေထောက်နှစ်ဖက်ကို ပူးကပ်ထားပါ။ ပုံမှာ ပြထားသလို တံတောင်ကို နောက်ကိုထောက်ချတဲ့အချိန်မှာ ခြေထောက်ပုံစံ အနေအထားပျက်မသွားအောင် ဂရုစိုက်ပြီး လုပ်ပေးပါ။ ပိုထိရောက်အောင် – စက္ကန့် ၆၀ကြာ တံတောင်ကို ထောက်လိုက်၊ ပြန်ဖြောင့်လိုက်လုပ်ပေးပါ။

Ref; HD

Most Popular

Healthy Life Ad
To Top