ပါဝင်ပစ္စည်းများ
– ပျားရည် ထမင်းစားဇွန်း တစ်ဝက်၊
– သံပရိုရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊
– ဆော်ဒါမှုန့် လက်ဖက်စားဇွန်း နှစ်ဇွန်း။
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကို စေးပျစ်တဲ့ အရောအနှောဖြစ်တဲ့အထိ သမအောင် မွှေလိုက်ပါ။ မျက်နှာသစ်ပြီး အဲဒီအရောအနှောကို ၀ါဂွမ်းစနဲ့ နှစ်ယူကာ ဆားဝက်ခြံရှိတဲ့ အရေပြားနေရာမှာ သုတ်လိမ်းပါ။ အချိန် ၂-၅ မိနစ် ကြာပြီးတဲ့အခါ ရေအေးနဲ့ ဆေးကြောလိုက်ပါ။ ပြီးရင် နူးညံ့တဲ့ တဘက်နဲ့ ခပ်ဖွဖွသုတ်ပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်းရမှာ ဖြစ်ပါတယ်။