Healthy Life Ad
International

သွားဆုံးရှုံးခြင်းက သူငယ်ပြန်မှတ်ဥာဏ်လျော့နည်းရောဂါဖြစ်နှုန်း မြင့်တက်စေနိုင်

၊ ကိုထက် ၊

လူအများစုဟာ သွားတွေဆုံးရှုံးတာကို သိပ်ပြီးစိုးရိမ်လေ့မရှိပါဘူး။ တကယ်တော့ ခံတွင်းကျန်းမာရေး ထိန်းသိမ်းသူတွေဟာ တခြားသူတွေထက် အသက်ပိုရှည်နိုင်တယ်လို့ သိရပါတယ်။ လေ့လာမှုတွေအရ သွားပိုးစားခြင်းအပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် သွားတွေဆုံးရှုံးရတာဟာ အသက်အရွယ် ကြီးလာချိန်မှာ မှတ်ဥာဏ်လျော့နည်းခြင်းနဲ့ သူငယ်ပြန်ရောဂါဖြစ်နိုင်ခြေ မြင့်မားနိုင်တယ်လို့ဆိုပါတယ်။

နိုင်ငံတကာနှင့် အမေရိကန်သွားဘက်ဆိုင်ရာ လေ့လာရေးအဖွဲ့အစည်းမှလေ့လာသူတွေက သွားတွေ ဆုံးရှုံးလာတာနဲ့ သူငယ်ပြန်မှတ်ဥာဏ်လျော့နည်းရောဂါ ဖြစ်ပွားခြင်းအကြား ဆက်စပ်မှုရှိနေပြီး သွားအရေအတွက် အချောင်း ၂၀ ထက်ပိုဆုံးရှုံးသူတွေဟာ သူငယ်ပြန်မှတ်ဥာဏ်လျော့နည်းရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများလာတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

အသက်ကြီးသူတွေမှာ အယ်လ်ဇိုင်းမားရောဂါနဲ့ သူငယ်ပြန်မှတ်ဥာဏ်လျော့နည်းရောဂါလို ရောဂါတွေ ဖြစ်ပွားနှုန်း များလာနေတယ်လို့ဆိုတဲ့အတွက် ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် သွားတွေကို ဘယ်လိုစနစ်တကျ စောင့်ရှောက်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေဟာ ခံတွင်းကျန်းမာရေးကောင်း စေရုံသာမက ခန္ဓာကိုယ်တွင်းစနစ်ပိုင်းဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကိုပါ လျော့ကျစေနိုင်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

(Ref;Zeenews)

Most Popular

Healthy Life Ad
To Top