Healthy Life Ad
Health Tips

သင့်ခြေထောက်ကို ထိခိုက်စေနိုင်သည့် အလေ့အကျင့် ငါးရပ်

၊ လရိပ်မေ ၊
ခြေထောက်ရဲ့ကျန်းမာရေးနဲ့ အလှအပတွေကိုထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေကို အထူးသတိထား ရှောင်ရှားသင့်ပါတယ်။

(၁) ကြာကြာထိုင်ခြင်း
အခုခေတ်မှာလူအများစုရဲ့ တစ်နေ့တာမှာထိုင်ချိန်တွေက များနေတတ်ပါတယ်။ ထိုင်တာကြောင့် ခြေထောက်ဆီကို အရည်စုပုံရောက်ရှိရာက သွေးလှည့်ပတ်စီးဆင်းမှုကို နှေးကွေးစေပါတယ်၊ အဲဒီအခါ သွေးပြန်ကြောထုံးတာ၊ ခြေကျင်းဝတ်ရောင်ရမ်းတာနဲ့ သွေးခဲဖြစ်ပေါ်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါကျမှ ရုံးခန်းထဲမှာ ခြေထောက်ဆွဲဆန့်တဲ့လှုပ်ရှားမှု မလုပ်ဖြစ်ခဲ့တဲ့အတွက် နောင်တရလာနိုင်ပါတယ်။ ခြေထောက်အပါအ၀င် တစ်ကိုယ်လုံးသွေးလှည့်ပတ်မှု ကောင်းစေဖို့ တစ်နာရီကြာတိုင်း တစ်ခါအနားယူပြီး လမ်းပတ်လျှောက်ပေးပါ၊ ခြေထောက်တွေကို ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပေးပါ။

(၂) ခြေချိတ်ထိုင်ခြင်း
ခြေချိတ်ထိုင်တာကြောင့် ခြေသလုံးမှာ သွေးပြန်ကြောထုံးတာကို မဖြစ်စေနိုင်ပါဘူး။ ဒါပေမဲ့ သွေးပြန်ကြောတွေပေါ် ဖိအားအနည်းငယ်သက်ရောက်ပြီး သွေးပြန်ကြောနံရံတွေဆီ သွေးစုပုံရာက သွေးပြန်ကြောနံရံဖောင်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ခြေချိတ်မထိုင်ပါနဲ့။

(၃) ကြေးချွတ်မှု မလုပ်ခြင်း
ခြေသလုံးကိုမျက်နှာလိုပဲ ကြေးချွတ်တာ၊ အစိုဓာတ်ထိန်းလိုးရှင်း လိမ်းတာတို့ လုပ်ဆောင်ပေးပါ။ တစ်ပတ်တစ်ခါလောက် ကြေးချွတ်ပေးပြီး တစ်နေ့အနည်းဆုံး တစ်ကြိမ်လောက် အစိုဓာတ်ထိန်း လိုးရှင်းလိမ်းပေးရင် ခြေသလုံးမှာ ရေဓာတ်ပြည့်ဝနေမှာပါ။

(၄) ခြေထောက်အပေါ် အလေးထားမှု နည်းပါးခြင်း
တချို့လူတွေက ခြေထောက်ရဲ့ကျန်းမာရေးနဲ့ အလှအပကို သိပ်အလေးမထားတတ်ကြပါဘူး။ တကယ်တော့ နေ့တိုင်း ခြေထောက်အမွှေးအမှင်တွေကို ဖယ်ရှားတာ၊ ခြေသလုံးကို အစိုဓာတ်ထိန်း လိုးရှင်းလိမ်းတာနဲ့ ခြေထောက်ရှိမှဲ့တွေကို ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးတာတို့ လုပ်ဆောင်ပေးရပါမယ်။

(၅) ထိခိုက်ပွန်းရှနာ၊ ခြစ်ရာတို့အား ကုသမှုမခံယူခြင်း
ဘရိတ်ဓားပွန်းရာ၊ ခြင်ကိုက်ရာ၊ ကုတ်ရာနဲ့ တခြားထိခိုက်ဒဏ်ရာတွေကို ကုသမှုမခံယူရင် အမာရွတ်ထင်စေနိုင်ပါတယ်။ တစ်ခါတလေ ကီးလွိုက်အမာရွတ်သီး ဖြစ်တတ်တဲ့အတွက် ချက်ချင်းကုသပြီး အနာကျက်ဖို့ အချိန်ပေးရပါမယ်။ အမာရွတ်ထင်နေရင် ဗီတာမင်အီးအဆီ လိမ်းပေးသင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top