Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် စားသင့်သည့် အကောင်းဆုံးအစာများ

လရိပ်မေ

လေ့ကျင့်ခန်းလုပ်ချိန်မှာ သင့်ခန္ဓာကိုယ်က ခရီးနှင်ထားတဲ့ ကားနဲ့ တူပါတယ်၊ လောင်စာလိုနေပါပြီ။ အဲဒီအ  ချိန်မှာ သင့်ခန္ဓာကိုယ်ကို အကောင်းဆုံး အားဖြည့်နိုင်ဖို့ အစားအသေက်တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

water

ရေ

လေ့ကျင့်ခန်းမလုပ်ခင်မှာ ခန္ဓာကိုယ်ကို ရေဓာတ်မဖြည့်တာက အကြီးမားဆုံးအမှားပါ။ လေ့ ကျင့်ခန်းလုပ်ပြီးချိန်မှာ ရေနှစ်ဖန်ခွက်-သုံးဖန်ခွက်လောက် သောက်ပေးဖို့ လိုအပ်နေပါတယ်။

kevi

ကီဝီသီး

ကီဝီသီးမှာ ဗီတာမင်စီ ပါဝင်မှု များတဲ့အပြင် ပိုတက်စီယမ်လည်း ပါဝင်ပါတယ်။ အင်တီအောက် ဆီးဒင့်       ကြွယ်ဝတဲ့အတွက် ကြွက်သားတောင့်တင်းနာကျင်မှု သက်သာစေပါတယ်။

kasoonOo

ကန်စွန်းဥ

ကန်စွန်းဥမှာ ဗီတာမင် B6၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တဲ့အပြင် လေ့ကျင့် ခန်းလုပ်ပြီးချိန်မှာ လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်မှု များပါတယ်။

balubare

ဘလူးဘယ်ရီသီး

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခန္ဓာကိုယ်ပြန်လည် အနာကျက်စေဖို့ ဘလူးဘယ်ရီသီးကို စားပေးသင့်ပါတယ်။ ဘလူးဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်နေလို့ပါ။

4

နာနတ်သီး

နာနတ်သီးမှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဘရိုမီလိန်းဓာတ် ပါဝင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခန္ဓာကိုယ် ရောင်ရမ်းတာ၊ ဒဏ်ဖြစ်တာ၊ပွန်းပဲ့တာစတဲ့ ဝေဒနာတွေကို ဘရိုမီလိန်းဓာတ်က သက်သာ စေပါ တယ်။ ဒါ့အပြင် နာနတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်သျှူးတွေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်စွမ်း ရှိပါ တယ်။

brown-rice-noodles

ကောက်နှံတစ်ခုလုံးအစာနှင့် လုပ်ထားသောအရာများ

ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ ဆန်လုံးညို၊ ခေါက်ဆွဲညိုတို့စားရင် ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

dry fruit

သစ်သီးခြောက်နှင့် အခွံမာစေ့

သစ်သီးခြောက်နဲ့ အခွံမာစေ့ လက်တစ်ဆုပ်စာ ပမာဏ စားပေးတာကြောင့် သင့်ခန္ဓာကိုယ်ကို ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ် ရရှိစေပါတယ်။ ပဲပုပ်စေ့ ခွက်တစ်ဝက်စာပမာဏမှာ ပရိုတင်း ၃၄ ဂရမ် ပါဝင်ပါတယ်။

dinnchinဒိန်ချဉ်

အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ် တစ်ခွက်သောက်ပေးရင် ပရိုတင်းဓာတ် ၁၄ ဂရမ် ရရှိစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သား သန်စွမ်းဖို့နဲ့ အဆီပိုတွေ လျော့ကျစေဖို့ ပရိုတင်း ဓာတ်အလုံအလောက် လိုအပ်ပါတယ်။

banana

ငှက်ပျောသီး

ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့ ငှက်ပျောသီးကို အားကစားခန်းမသွားတဲ့အခါ မဖြစ်မနေယူသွားပါ။ ငှက်ပျောသီးမှာ ဂလိုင်ကိုဂျင်အဆင့်ကို ပြန်သိုလှောင်ဖို့ လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်ပါတယ်။  ဂလိုင်ကိုဂျင်က လေ့ကျင့်ခန်း အပြင်းအထန် လုပ်ပြီးချိန်မှာ ထိခိုက်သွားတဲ့ ကြွက်သားတွေကို ပြန်လည် တည်ဆောက်ပေးပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top