———၊ ကိုထက် ၊——— တစ်နေ့မှာ ဂတ်စ်ပါတဲ့ အမြှုပ်ထအချိုရည် တစ်ဘူးမျှသောက်ရုံနဲ့ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ သုံးပုံတစ်ပုံမြင့်မားကြောင်း ကျန်းမာရေးလှုံ့ဆော်သူတို့က သတိပေးထားပါတယ်။ အမြှုပ်ထအချိုရည်ရဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို ပိုစတာတစ်ခုမှာ ဖော်ပြထားပြီး ဒုတိယပိုစတာမှာ သကြားအပြည့်ပါတဲ့ အမြှုပ်ထအချိုရည် တစ်နေ့တစ်ဘူးသောက်ခြင်းဖြင့် တစ်နှစ်မှာ...
—————၊ ကိုထက် ၊—————- ကွန်ပျူတာတက္ကသိုလ် တက်ရောက်နေသူ အသက်၂၁ နှစ်အရွယ် ဗင်းနိုင်းဟာ အမြဲနိုးနိုးကြားကြား ဖြစ်နေဖို့အတွက် ကဖင်းဓာတ်နဲ့ သကြားတွေအများအပြား ပါဝင်တဲ့ အားဖြည့်အချိုရည်ကို သောက်သုံးခဲ့ပါတယ်။ ဗင်းနိုင်းဟာ ကျောင်းတက်ပြီး ဒုတိယနှစ်မှစပြီး နေ့ရောညပါ နိုးကြားနေစေဖို့ အားဖြည့်အချိုရည်တွေကို ပိုပိုပြီး...
၊ ကိုထက် ၊ အရက်နဲ့ ကဖင်းဓာတ်ပါတဲ့ စွမ်းအားဖြည့် အချိုရည်တွေကို တွဲဖက်သောက်သုံးတာက အထူးသဖြင့် ကောလိပ်ကျောင်းသားတွေ အတွက် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဆိုလိုက်ပါတယ်။ စွမ်းအားဖြည့်အချိုရည် (Energy)နဲ့ အရက်ကို တွဲသောက်တဲ့ ကောလိပ်ကျောင်းသားတွေကို လေ့လာလိုက်တဲ့အခါ...
၊ မိုးမင်းထွန်း ၊ ယူကေနိုင်ငံ၊ နော့သန်တန်ရှိုင်းယားအရပ်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ဒိုင်ယွန်ဖာရက်ဟာ အသက် ၁၁ နှစ်သမီးအရွယ်ကတည်းက အားဖြည့်အချိုရည် တစ်နေ့ငါးဘူး သောက်သုံးခဲ့တယ်လို့ဆိုပါတယ်။ သူဟာ အခုအခါ သွေးဖိအားကျဆင်းမှုနဲ့ ပြင်းထန်တဲ့နှလုံးရောဂါကို ခံစားနေခဲ့ရပါတယ်။ ကိုယ်ဝန်ပျက်ကျမှု နှစ်ကြိမ်ကို...
၊ ငွေကြယ်စင်ယံ ၊ ရှေးကတည်းက သောက်သုံးလာခဲ့ကြတဲ့ ရေနွေးကြမ်းလို့ ခေါ်တဲ့ လက်ဖက်ရည်ကြမ်းမှာ အာဟာရပြည့်ဝတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်လှပါတယ်။ (၁) လက်ဖက်ရည်ကြမ်းဟာ သွေးတွင်း ထရိုင်ဂလစ်ဆရိုက် အဆီတွေကို လျော့ကျစေရုံသာမက မကောင်း...