Healthy Life Ad
Health Tips

တစ်နေ့ အမြှုပ်ထအချိုရည်တစ်ဘူးကို နေ့စဉ်သောက်ရုံဖြင့် နှလုံးရောဂါထနိုင်ခြေ သုံးဆပိုများ

———၊ ကိုထက် ၊———

တစ်နေ့မှာ ဂတ်စ်ပါတဲ့ အမြှုပ်ထအချိုရည် တစ်ဘူးမျှသောက်ရုံနဲ့ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ သုံးပုံတစ်ပုံမြင့်မားကြောင်း ကျန်းမာရေးလှုံ့ဆော်သူတို့က သတိပေးထားပါတယ်။

အမြှုပ်ထအချိုရည်ရဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို ပိုစတာတစ်ခုမှာ ဖော်ပြထားပြီး ဒုတိယပိုစတာမှာ သကြားအပြည့်ပါတဲ့ အမြှုပ်ထအချိုရည် တစ်နေ့တစ်ဘူးသောက်ခြင်းဖြင့် တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၃ ပေါင်ခန့် မြင့်တက်မှုရှိကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ ကျန်းမာရေးလှုံ့ဆော်မှုကို GULP (Give up Loving Pop) လို့ ခေါ်ဆိုပြီး လစ်ဗာပူးအခြေစိုက် ကျန်းမာရေးအဖွဲ့က တည်ထောင်ထားခြင်း ဖြစ်ပါတယ်။

GULP အဖွဲ့ဟာ အမြှုပ်ထအချိုရည် သောက်ခြင်းနဲ့ သွားပိုးစားခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါတို့အကြား ဆက်စပ်မှုကို ပညာပေးတာ ဖြစ်ပါတယ်။ သကြားကို ဆေးရွက်ကြီးအသစ်လို့ ကျန်းမာရေးကျွမ်းကျင်သူတချို့က ခေါ်ဆိုထားပြီး အထူးသဖြင့် ကလေးတွေမှာ အဝလွန်ရောဂါဖြစ်စေဖို့ အားပေးတဲ့ အစာဖြစ်ပါတယ်။ လစ်ဗာပူးတက္ကသိုလ်မှ ပြုလုပ်တဲ့ လတ်တလောလေ့လာမှုအရ အဆိုပါ အချိုရည်တွေကို အခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်ခြင်းဖြင့် ကလေးထောင်ပေါင်းများစွာ ဆီးချိုရောဂါ၊ ကင်ဆာနဲ့ နှလုံးရောဂါတို့ မဖြစ်စေဖို့ ကယ်တင်ပေးနိုင်လိမ့်မယ်ဖြစ်ကြောင်း သိရပါတယ်။ အချိုရည်တွေက အသက် ၄ နှစ်- ၁၀ နှစ်ကြား ကလေးတွေအတွက် သကြားရယူမှု အကြီးမားဆုံး အရင်းအမြစ်တစ်ခု ဖြစ်နေပါတယ်။

“သကြားပါတဲ့ အချိုရည်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ လူအနည်းငယ်ကပဲ အပြည့်အဝနားလည်ပါတယ်။ အချိုရည်များများ သောက်တာကြောင့် သွားတွေထိခိုက်တယ်၊ ကိုယ်အလေးချိန် မြင့်တက်တယ်၊ ဆီးချိုရောဂါဖြစ်တယ်၊ နှလုံးရောဂါဖြစ်တယ်.. စတာတွေကို သိစေချင်ပါတယ်”လို့ GULP ကျန်းမာရေးလှုံ့ဆော်မှု ဒါရိုက်တာရော်ဘင်က ဆိုပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top