Healthy Life Ad
Health Tips

အားဖြည့်အချိုရည် အသောက်များပြီး သွားအားလုံးနီးပါး ပျက်စီးသွားသူ

—————၊ ကိုထက် ၊—————-

ကွန်ပျူတာတက္ကသိုလ် တက်ရောက်နေသူ အသက်၂၁ နှစ်အရွယ် ဗင်းနိုင်းဟာ အမြဲနိုးနိုးကြားကြား ဖြစ်နေဖို့အတွက် ကဖင်းဓာတ်နဲ့ သကြားတွေအများအပြား ပါဝင်တဲ့ အားဖြည့်အချိုရည်ကို သောက်သုံးခဲ့ပါတယ်။ ဗင်းနိုင်းဟာ ကျောင်းတက်ပြီး ဒုတိယနှစ်မှစပြီး နေ့ရောညပါ နိုးကြားနေစေဖို့ အားဖြည့်အချိုရည်တွေကို ပိုပိုပြီး သောက်လာခဲ့ရာမှ တစ်ရက်ကို ၆ ဘူးခန့်အထိ သောက်မိခဲ့တယ်လို့ သိရပါတယ်။ အားဖြည့်အချိုရည်တွေကို ဗင်းနိုင်းက တစ်နေ့မှာ ၃ လီတာမက သောက်သုံးခဲ့ရာ ကျန်းမာရေးဌာနများမှ သတ်မှတ်ထားတဲ့ တစ်နေ့တာ စားသောက်သင့်တဲ့ သကြားပမာဏဟာ ၃၀ ဂရမ်ဖြစ်ပြီး အားဖြည့်အချိုရည် ဘူးတစ်ဘူးမှာ သကြား ၅၄ ဂရမ်ပါဝင်တယ်လို့ သိရပါတယ်။

alignnone size-medium wp-image-55827

“ကျွန်တော်က ကွန်ပျုတာဂိမ်းတွေ ဖန်တီးချင်တာပါ၊ ဆော့ဝဲလ်တွေ နေ့ရောညရော ရေးနေနိုင်ဖို့ အားဖြည့်အချိုရည်တွေ သောက်တာက အဆင်ပြေဆုံးပါပဲ၊ ဈေးလည်းသက်သာပြီး ဝယ်ရတာ၊ သိမ်းထားရတာကအစ လွယ်တယ်လေ၊ ဒါတွေက ကျွန်တော့်အတွက် အထောက်အကူပြုတဲ့ အရာတွေလို့ထင်ထားတာ။ ဖျက်ဆီးမယ့်အရာတွေလို့ မထင်ခဲ့မိပါဘူး”လို့ ဗင်းနိုင်းက ပြောပြခဲ့ပါတယ်။ ဗင်းနိုင်းရဲ့ အမေဖြစ်သူက ဒီလိုအချိုရည်တွေ အလွန်အကျွံသောက်လာတဲ့ ဗင်းနိုင်းကို စိုးရိမ်ပြီး အမြဲသတိပေးပြောဆိုခဲ့ပါတယ်။ ဒီလိုသောက်တာ ၆ လကျော်လောက် ကြာလာချိန်မှာတော့ ဗင်းနိုင်းရဲ့ သွားနာကျင်တဲ့ဝေဒနာ ခံစားလာခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာပဲစားစား ဝါးလိုက်တာနဲ့ သွားတွေက နာကျင်နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဗင်းနိုင်းဟာ ပန်းသီးစားဖို့ ကိုက်လိုက်ချိန်မှာ အလွန်အမင်းနာကျင်ခဲ့ပြီး သူ့ရဲ့ရှေ့သွားလေးချောင်း ပဲ့ထွက်သွားခဲ့ပါတယ်။ ဗင်းနိုင်းဟာ အမေသိရင် အဆူခံရမှာစိုးတဲ့အတွက် အိမ်ပြန်ရောက်ချိန်မှာဆိုရင် ပါးစပ်မဟဘဲ နေခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ ဗင်းနိုင်းရဲ့အမေက ရိပ်မိပြီး ပါးစပ်ဟခိုင်းကာ သွားတွေကိုပြခိုင်းပါတော့တယ်။ အဲဒီနောက် သွားဆရာဝန်နဲ့ သွားရောက်ပြသခဲ့ပါတယ်။ ဆရာဝန်က စစ်ဆေးပြီးနောက် သွားတွေအားလုံးနီးပါးဟာ ဆွေးမြေ့ပဲ့ထွက်နေပြီး သွား ၂၄ ချောင်းဟာ ပြန်လည်ပြုပြင်ကုသမှုပေးဖို့ ပြုလုပ်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ဗင်းနိုင်းရော အမေဖြစ်သူပါ အလွန်ထိတ်လန့်သွားခဲ့ရပါတယ်။ ဗင်းနိုင်းဟာ တစ်နေ့နှစ်ကြိမ် သွားပုံမှန်တိုက်တယ်လို့ ဆိုပေမယ့် အချိန်တိုင်းနီးပါး အားဖြည့်အချိုရည်ကို သောက်နေတဲ့အတွက် အချိုရည်ထဲမှာပါတဲ့ သကြားဓာတ်တွေက သွားတွေကို ပျက်စီးသွားစေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနေတဲ့ သွားအစိတ်အပိုင်းတွေကို ဖယ်ရှားပြီးချိန်မှာ အလွန်ကြည့်ရဆိုးသွားတဲ့အတွက် ဗင်းနိုင်းက ကျောင်းကခဏအနားယူပြီး အိမ်တွင်းအောင်းနေရပါတယ်။ “အလုပ်တစ်ခုမှာ အင်တာသွားဗျူးမယ်ဆိုရင် ပထမဆုံး ပြုံးပြလိုက်တာနဲ့တင် ကျွန်တော့်ကို ပယ်လောက်ပါတယ်၊ ဒီအားဖြည့်အချိုရည်တွေ ဖျက်လိုက်ချိန်မှာ ကဖေးဓာတ်စွဲလန်းတဲ့ ဝေဒနာလည်း ကျန်ခဲ့ပါသေတယ်၊ အဲဒီအချိုရည် မသောက်တာနဲ့ နုံးချည့်လာပြီး ကြွက်သားနာကျင်တာတွေလည်း ဖြစ်လာပါတယ်၊ မထင်ထားမိလောက်အောင် တော်တော်လေး ကြောက်ဖို့ကောင်းလှပါတယ်”လို့ ဗင်းနိုင်းက အတွေ့အကြုံတွေကို မျှဝေပြောပြခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဗင်းနိုင်းဟာ သွားပြန်လည်ပြုပြင်ကုသမှုတွေကို ခံယူနေရပါတယ်။ စုစုပေါင်း ဒေါ်လာ ၂၀ဝ၀ ကျော်ခန့် ကုန်ကျမယ်လို့ သိရပါတယ်။ သွားတွေ ပြန်လည်ကြည့်ကောင်းလာတဲ့ အချိန်ကျမှ ကျောင်းပြန်တက်ပြီး ရည်ရွယ်ချက်အတိုင်း ဗီဒီယိုဂိမ်းဖန်တီးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပြခဲ့ပါတယ်။

(DM 15-2-2019)

Most Popular

Healthy Life Ad
To Top