Healthy Life Ad
Life Style

အလုပ်ထဲမှာ နေ့လယ်နေ့ခင်းဆိုရင် စွမ်းဆောင်နိုင်စွမ်းတွေ ကျကျသွားတတ်ပါသလား . . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

တစ်နေ့လုံး လုပ်ငန်းခွင်မှာ အလုပ်လုပ်ရသူတွေဟာ နေ့ခင်းအချိန်ရောက်လာရင် ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ အဲဒီအချိန်မှာ ပင်ပန်းနွမ်းနယ်မှုတွေကင်းဝေးပြီး လန်းဆန်းလာစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာပေးသင့်ပါတယ်။

alignnone size-medium wp-image-62848
(၁) အပြင်ထွက်ပြီး နေ့ခင်းအလင်းရောင်နှင့် အချိန် ၁၀ မိနစ်ခန့် ထိတွေ့ပါ

နေ့လယ်စာကို အပြင်ထွက်ပြီးစားတာက ပိုကောင်းပါတယ်။ ဒါမှ ပြင်ပအလင်းရောင်နဲ့ ထိတွေ့မှုရှိမှာ ဖြစ်လို့ပါ။ နေ့ခင်းအလင်းရောင်နဲ့ ထိတွေ့မှုမရှိရင် ခန္ဓာကိုယ်က မယ်လတိုနင်ပမာဏ ထွက်ရှိနှုန်း များလာပြီး အိပ်ငိုက်စေနိုင်လို့ပါ။

alignnone size-medium wp-image-62849
(၂) စိတ်တက်ကြွမှုကို ပေးနိုင်သော ပရိုတင်းဓာတ်ကို ရွေးပါ

တူနာငါးသုပ်ကို စားပေးတာက တူနာငါးညှပ်ထားတဲ့ ဆင်းဒဝှစ်ချ်ကို စားတာထက် စွမ်းအင်ကို ပိုရရှိစေပါတယ်။ တူနာငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရောသုပ်ပြီး စားတာက ပရိုတင်းဓာတ်နဲ့ ဗီတာမင်သတ္တုဓာတ်တွေကို ရရှိစေကာ တက်ကြွလန်းဆန်းစေပါတယ်။

alignnone size-medium wp-image-62850
(၃) လက်ဖက်ရည်သောက်ပါ

ညနေခင်းမှာ လက်ဖက်ရည်သောက်ပေးပါ။ လက်ဖက်စိမ်းလက်ဖက်ရည်လို ဆေးဖက်ဝင်လက်ဖက်ရည်ကို သောက်တာက ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

alignnone size-medium wp-image-62851
(၄) ဖုန်းခေါ်ပါ

သင့်ချစ်သူ ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်၊ သင့်ကလေး၊ သင့်မိဘ စတဲ့ သင်ချစ်တဲ့သူတစ်ဦးထံကို ဖုန်းခေါ်ပြီး သတိရကြောင်းပြောပါ။ အချိန်ငါးမိနစ်လောက်ပေးပြီး ဒီလိုလုပ်ဆောင်တာက စိတ်တက်ကြွမှုကို ပေးစွမ်းနိုင်ပြီး အလုပ်ကို ဆက်လက်ပြီးမြောက်အောင် လုပ်နိုင်စွမ်းရှိစေပါတယ်။

alignnone size-medium wp-image-62852
(၅) စားပွဲကို ရှင်းသကဲ့သို့ အီးမေးကိုလည်း ရှင်းပါ

စားပွဲနဲ့ အီးမေးကို ရှင်းလင်းတာက အလုပ်လုပ်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်နှုန်းနည်းပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

(၆) လက်ထဲသို့ ပက်ပါးမင့်အဆီထည့်ပါ

လက်ထဲကို ပက်ပါးမင့်အဆီအနည်းငယ်ထည့်ပြီး မျက်နှာပေါ်(မျက်လုံးပေါ်မအုပ်ရပါ) အုပ်ပေးပါ။ ပက်ပါးမင့်ဟာ စွမ်းအင်ကောင်းစေတဲ့ ရနံ့ဖြစ်ပါတယ်။

alignnone size-medium wp-image-62853
(၇) အကြောဆန့်ပါ

ပခုံးတွေကို ရှေ့နောက်ဆွဲဆန့်ပေးရင်း အသက်ပြင်းပြင်း ရှူသွင်း/ ရှူထုတ်တာကို လုပ်ဆောင်ပေးပါ။ ပျင်းရိနေရင် နှစ်ကြိမ်လောက်လုပ်ပေးပါ။

alignnone size-medium wp-image-62854
(၈) အမည်းရောင်ချောကလက် မှီဝဲပါ

အမည်းရောင်ချောကလက်မှာ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်နဲ့ မဂ္ဂနီစီယမ်တို့ များစွာပါဝင်နေပါတယ်။ ဒါပေမဲ့ တစ်ခါစားရင် လေးထောင့်ကွက်တစ်ကွက်ထက် ပိုမစားပါနဲ့။

alignnone size-medium wp-image-62856
(၉) အနံ့အရသာစူးသော ပီကေဝါးပါ

ပူရှိန်းအရသာရှိတဲ့ ပီကေကို ဝါးစားတာက ဦးနှောက်ကို တက်ကြွတဲ့ခံစားမှု ရရှိစေပါတယ်။ ပီကေဝါးတာကြောင့် တံတွေးအထွက်များကာ သွားပိုးပေါက်တွေ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ကင်းစေပါတယ်။

alignnone size-medium wp-image-62859
(၁၀) နေ့လယ်ခင်းမှာ အုပ်စုလိုက် ပူးပေါင်းလုပ်ဆောင်ပါ

သင့်အနေနဲ့ တစ်ယောက်တည်း အလုပ်လုပ်ရသူဖြစ်ရင်တောင် နေ့ခင်းပိုင်းမှာ အုပ်စုလိုက် ပူးပေါင်းဆွေးနွေးတာတို့၊ အစည်းအဝေးလုပ်တာတို့ လုပ်ပေးပါ။ တစ်ဦးနဲ့တစ်ဦး ထိတွေ့လုပ်ဆောင်မှုကြောင့် ကိုယ်လုပ်တဲ့အလုပ်မှာ ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

alignnone size-medium wp-image-62857
(၁၁) အခန်းထဲမှာ သစ်ပင်စိုက်ပါ

လုပ်ငန်းခွင်က သင့်နေရာတစ်ဝိုက်မှာ သစ်ပင်ထားရှိတာက စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ လေ့လာမှုအရ သစ်ပင်ထဲမှာ Rosemary ပင်က စိတ်ကို လန်းဆန်းစေတယ်လို့ ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top