Healthy Life Ad
Health Tips

အိပ်ရာမဝင်ခင် ပြုလုပ်သင့်သည့် ဆွဲဆန့်လေ့ကျင့်ခန်း ၆ မျိုး

———၊ လရိပ်မေ ၊———

ဒီဆွဲဆန့်လေ့ကျင့်ခန်းက တစ်နေ့တာအတွင်း ခံစားရတဲ့ ခန္ဓာကိုယ်တောင့်တင်းမှုကို ပြေလျော့သွားစေပြီး တစ်ညလုံး အိပ်ရေးဝ၀ အိပ်မောကျစေမှာပါ။

alignnone size-medium wp-image-62366
(၁) ထိုင်ရင်းဆွဲဆန့်သည့် ကျင့်စဉ်

ထိုင်ရင်း ခြေထောက်တစ်ဖက်ကို နောက်တစ်ဖက်ပေါ်ချိတ်ကာ ဆန့်ကျင်ဘက်လက်နဲ့ ခြေကျင်းဝတ်ကိုကိုင်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို လှည့်ပေးပါ။ ပြီးရင် ဘက်ပြောင်းလုပ်ပေးပါ။

alignnone size-medium wp-image-62367
(၂) ခွေးပုံစံကျင့်စဉ်

ဖျာပေါ်မှာ မှောက်လျက်လှဲပြီး လက်နှစ်ဖက်က ကိုယ်ဘေးမှာထောက်ကာ လက်မောင်းတွေကို ဖြည်းဖြည်းချင်း မြှင့်ပေးပါ။

alignnone size-medium wp-image-62368
(၃) ထိုင်ရင်း အသက်ရှူကျင့်စဉ်

တင်ပလ’င်ခွေထိုင်ရင်း ဒူးနှစ်ဖက်ပေါ် လက်တွေကိုချကာ အသက်ရှူသွင်း၊ ရှူထုတ်တာကို အာရုံစိုက်လုပ်ဆောင်ပါ။

alignnone size-medium wp-image-62369
(၄) ခြေဆန့်ထိုင်ရင်း ဒူးကို နဖူးထိကျင့်စဉ်

သင့်ရှေ ့မှာ ခြေထောက်ကို ဆန့်ထုတ်ပြီးထိုင်ပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖြည်းဖြည်းချင်းကွေးကာ နဖူးနဲ့ဒူးခေါင်းကို ထိနိုင်သမျှ ထိပေးပါ။

alignnone size-medium wp-image-62370
(၅) သစ်ပင်ပုံကျင့်စဉ်

မတ်မတ်ရပ်ကာ ကိုယ်ဘေးမှာ လက်နှစ်ဖက်ချပါ။ ပြီးရင် ခြေထောက်တစ်ဖက်က နောက်တစ်ဖက်ကိုထောက်ပြီး လက်တွေကို ခေါင်းအပေါ်မြှင့်ကာ စုဆုံပေးပါ။ ခန္ဓာကိုယ်ဟန်ချက်ညီအောင် လုပ်ဆောင်သင့်ပါတယ်။

alignnone size-medium wp-image-62371
(၆) တြိဂံပုံစံကျင့်စဉ်

သင့်လက်တွေကို အားပြုပြီး တြိဂံပုံကျင့်စဉ် ဒါမှမဟုတ် သုံးချောင်းထောက်ကျင့်စဉ်ကို လုပ်ပေးရမှာပါ။ ဒီနည်းက ကိုယ်နေဟန်ထိန်းနိုင်မှသာ ခြေထောက်တစ်ဖက်ကို အပေါ်အထိ မြှင့်ပေးပါ။ ပြီးမှ ဘက်ပြောင်းလုပ်ပါ။

Most Popular

Healthy Life Ad
To Top