Healthy Life Ad
Q & A

နှပ်ညှစ်ရင်း နားပိတ်သွားတယ် . . .

—–၊ ပါမောက္ခဦးမောင်မောင်ခိုင် (နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး) ၊—–

Q. နှာရည်ယိုလို့ နှာခေါင်းကိုပိတ်ပြီး ညှစ်လိုက်တာ နားပိတ်သွားပါတယ်။ အဲဒါ ဘာဖြစ်လို့ပါလဲ။

A. ပုံမှန်အားဖြင့်တော့ နှာရည်ညှစ်ရင် လူအများစုက နှာခေါင်းနှစ်ဖက်ကို စုံပိတ်ပြီး ညှစ်လေ့ရှိကြတယ်။ အဲဒါက မှားနေတဲ့ အပြုအမူတစ်ခုပါ။ နှာရည်ညှစ်တဲ့အခါ တစ်ဖက်စီပိတ်ပြီး ညှစ်ပေးရင် အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နှာခေါင်းရဲ့ အနောက်ဘက်မှာ နားနဲ့ နှာခေါင်းဆက်တဲ့ လေပြွန်လေးရှိတယ်။ နှာခေါင်းနှစ်ဖက်ပိတ်ညှစ်လိုက်ရင် နှာခေါင်းထဲက ရောဂါပိုးတွေကော နှာရည်တွေကော ထွက်စရာ မရှိတော့တဲ့အတွက် နှာခေါင်းထဲက ပိုး၊ အရည်၊ ပြည်တွေက နားထဲကိုရောက်သွားတတ်ပါတယ်။ ဒါကြောင့် နှာခေါင်းညှစ်မယ်ဆိုရင် နှာခေါင်းတစ်ဖက်ကိုပဲပိတ်ပြီး အရှိန်နဲ့ လေနဲ့ညှစ်ထုတ်လိုက်ပါ။ ပြီးမှ နောက်နှာခေါင်းတစ်ဖက်ကိုပိတ်ပြီး ညှစ်သင့်ပါတယ်။

နှာခေါင်းနှစ်ဖက်ကိုပိတ်ပြီး ညှစ်လိုက်တဲ့အခါ အလယ်နားမှာ အရည်ဝင်ရာက ဖြစ်လာတဲ့ ရောဂါဖြစ်တတ်ပါတယ်။ အဲဒါကလည်း ကုလို့ပျောက်ပါတယ်။ အစောပိုင်းအဆင့်မှာ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေးတွေ ပေးရပါတယ်။ အဲဒီလိုပေးလို့မှ မသက်သာရင် အလယ်နားထဲက အရည်တွေစုပ်ထုတ်တဲ့နည်းနဲ့ ကုရပါတယ်။

Most Popular

Healthy Life Ad
To Top