Healthy Life Ad
Health Tips

ကင်ဆာလူနာနှင့် အာဟာရ

———၊ ဇွန် ၊———

ကင်ဆာရောဂါ ခံစားနေရပြီဆိုရင် ဆေးကုသမှု ခံယူနေစဉ်အတွင်း အစားအသောက်တွေကို အာဟာရပြည့်ပြည့်ဝ၀ရရှိအောင် စားသောက်ဖို့ အရေးကြီးပါတယ်။ ဒီလို အာဟာရအပြည့်ရရှိအောင် မှီဝဲတာကြောင့် ဆေးကုသမှုကို အောင်မြင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ကူးစက်ပိုးတွေမဝင်အောင် တွန်းလှန်နိုင်စွမ်းရှိစေပါတယ်။ အာဟာရချို ့တဲ့မှုရဲ့ ဆိုးကျိုးရရှိမှုကို လျော့ကျစေပါတယ်။ ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေးကို သိသိသာသာ မြင့်တက်လာစေပါတယ်။

ကင်ဆာလူနာတွေမှာ ကောင်းမွန်တဲ့ အစားအသောက်တွေကို စားသောက်ပေးဖို့ လိုအပ်နေပေမယ့် အစာမျိုရခက်ခဲတာ၊ ပါးစပ်နာတာ၊ အရသာခံနိုင်စွမ်း လျော့နည်းတာ၊ ပျို ့ချင်အန်ချင်ဖြစ်တာ၊ အန်တာနဲ့ ဝမ်းလျှောဝမ်းပျက်တာတွေလို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားရရင် အစာကို ကောင်းကောင်းစားနိုင်ဖို့ ခက်ခဲနေတတ်ပါတယ်။ အစာကို ပုံမှန်မစားနိုင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းနိုင်ဖို့လည်း ခက်ခဲတတ်ပါတယ်။

ကင်ဆာရောဂါရှင်တွေအနေနဲ့ အာဟာရဓာတ်ကို လုံလောက်အောင်ရယူဖို့ ခက်ခဲနေချိန်မှာ လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေနဲ့ အစာစားသုံးမှု ပြည့်ဝစေဖို့ အားထုတ်သင့်ပါတယ်။ ဆေးကုသမှုခံယူနေတဲ့ အတောအတွင်း ကိုယ်အလေးချိန် လျော့ကျမှုမဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်ကို ထားရှိပေးပါ။ ပင်ပန်းနေချိန်မှာ ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ဖို့ အဆင်မပြေရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆင်သင့်အစာတွေကို ရေခဲသေတ္တာထဲ ထည့်ထားပေးဖို့ လိုပါတယ်။

အာဟာရပြည့်ဝတဲ့ သရေစာတွေကို ဆောင်ထားပြီး ပုံမှန်စားပေးရပါမယ်။ ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်တဲ့အခါနဲ့ အရွက်သုပ်တွေ ပြုလုပ်တဲ့အခါတွေမှာ သံလွင်ဆီကို အသုံးပြုပါ။ စားချင်စိတ်ရှိလာအောင် လှုံ့ဆော်ဖို့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ၊ တရုတ်နံနံ စတာတွေကို ထည့်စားပါ။ ဒီအစာတွေက ကင်ဆာရောဂါကုသရေးမှာလည်း ပါဝင်ကူညီပေးနိုင်ပါတယ်။

ဟင်းလျာတွေရဲ ့ အနံ့ကြောင့် ပျို့ချင်/အန်ချင် စိတ်ဖြစ်တတ်ရင် ဒိန်ချဉ်၊ ဆင်းဒဝှစ်ချ်လို မချက်ပြုတ်ရတဲ့ အစာတွေကို စားပါ။ အစာစားချင်စိတ်ကို လှုံ့ဆော်နိုင်ဖို့ အစာကို တစ်ကြိမ်တည်းနဲ့ များများမစားဘဲ နည်းနည်းနဲ့ မကြာခဏ စားပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို လုပ်နိုင်သလောက် လုပ်ပေးပါ။

Most Popular

Healthy Life Ad
To Top