Healthy Life Ad
Health Tips

ပဋိဇီဝပိုးသတ်ဆေး မှီဝဲပြီးနောက် စားသင့်သည့် အကောင်းဆုံးအာဟာရများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ပဋီဇီဝပိုးသတ်ဆေး မှီဝဲပြီးချိန်မှာ သင့်အူလမ်းကြောင်းထဲကို ကောင်းတဲ့ဘက်တီးရီးယားတွေ ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အရေးကြီးပါတယ်။ အားဆေးမှီဝဲတာထက် အကျိုးပြုဘက်တီးရီးယားပါတဲ့ အစားအသောက်တွေကို မှီဝဲတာက ပိုပြီးအရေးပါပါတယ်။ ဒီနည်းဟာ အူလမ်းကြောင်းမျှခြေကို ထိန်းသိမ်းပေးနိုင်တာကြောင့် ပဋိဇီဝပိုးသတ်ဆေး (Antibiotics) မှီဝဲပြီးချိန်မှာ စားသင့်တဲ့ အစားအသောက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) ဒိန်ချဉ်

ဒိန်ချဉ်က နာမည်အကြီးဆုံး အကျိုးပြုဘက်တီးရီးယားပါတဲ့ အစားအသောက်ဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေး မှီဝဲပြီးချိန်မှာ စားသင့်တဲ့ အကောင်းဆုံးအစာ ဖြစ်ပါတယ်။

(၂) ဂေါ်ဖီချဉ်

ဂေါ်ဖီထုပ်ကိုလှီးပြီး အချဉ်တည်ထားတဲ့ ဂေါ်ဖီချဉ်၊ ကင်မ်ချီ စတာတွေမှာလည်း အကျိုးပြုဘက်တီးရီးယား ပါဝင်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ အူလမ်းကြောင်းအကျိုးပြုတဲ့ ဂေါ်ဖီချဉ်ပြုလုပ်ပြီး ပဋိဇီဝပိုးသတ်ဆေး မှီဝဲပြီးချိန်တိုင်း စားပေးသင့်ပါတယ်။

(၃) ကြက်သွန်ဖြူ

ပဋိဇီဝပိုးသတ်ဆေးမှီဝဲပြီးချိန် စားသင့်တဲ့ အကောင်းဆုံးအစာက ကြက်သွန်ဖြူပါ။ ကြက်သွန်ဖြူမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားက အစာခြေလမ်းကြောင်းစနစ်ကို အားအင်ပြည့်ဝစေပါတယ်။ တကယ်လို့ သင်သဘောကျရင် ကြက်သွန်ဖြူထဲကို သခွားသီးစိတ်ခပ်ပါးပါးထည့်ပြီး စားသင့်ပါတယ်။

(၄) ဗာဒံစေ့

ကယ်လီဖိုးနီးယား လေ့လာမှုတစ်ခုအရ ဗာဒံစေ့ကို စားပေးတာကြောင့် အူလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီးယား ပမာဏကို သိသိသာသာ မြင့်တက်စေတယ်လို့ သိရပါတယ်။ ၂၀၁၀ လေ့လာမှုအရ ဗာဒံစေ့ဟာ အအေးမိဝေဒနာနဲ့ တုပ်ကွေးတွေလို ဗိုင်းရပ်စ်ကူးစက်မှု ဝေဒနာတွေကို တွန်းလှန်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ပဋိဇီဝပိုးသတ်ဆေး မှီဝဲပြီးချိန်မှာ ကိုယ်ခံစွမ်းအားစနစ် အားနည်းလာတာကြောင့် ပိုးဝင်ကူးစက်မှု ထပ်မံဖြစ်ပေါ်တတ်ပါတယ်။ ဒီအချိန်မှာ အကျိုးပြုဘက်တီးရီးယားပါတဲ့ အစာတွေကို စားပေးဖို့ အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top