Healthy Life Ad
Health Tips

ရှားစောင်းလက်ပပ်၏ အသုံးဝင်မှုခုနှစ်မျိုး

———၊ ငွေကြယ်စင်ယံ ၊———

ရှားစောင်းလက်ပပ်ကို ဆေးပင်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ ရှားစောင်းလက်ပပ်မှာ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်မှိုသေစေတဲ့ အာနိသင်၊ ရောင်ရမ်းမှုနဲ့ ကိုက်ခဲမှု ကျစေတဲ့အစွမ်း၊ ဆဲလ်တွေကို အသစ်ဖြစ်စေပြီး အနာကျက်စေတဲ့ ဂုဏ်သတ္တိတို့ ပါဝင်နေလို့ပါပဲ။ ရှားစောင်းလက်ပပ်ပင်က အိမ်မှာစိုက်ရလည်းလွယ်ပြီး သေချာဂရုစိုက်ပျိုးထောင်နေစရာမလိုဘဲ ရှင်သန်နေတဲ့ အပင်မျိုးပါ။ ရှားစောင်းလက်ပပ်ကို အရေပြားပေါ်မှာ လိမ်းမယ်ဆိုရင် အပင်ကိုချိုးပြီး အထဲကအဆီအနှစ်သားကိုယူပါ။ ရှားစောင်းလက်ပပ်ဟာ အရေပြားအပေါ် အောက်ပါနည်းလမ်းတွေအတိုင်း အသုံးဝင်ပါတယ်။

(၁) အသားအရေကို နူးညံ့ပျော့ပျောင်းစေခြင်း

အရေပြားပေါ်မှာ ရှားစောင်းလက်ပပ်အနှစ်သားကို ပွတ်တိုက်လိမ်းပေးရင် အသားအရေကို နူးညံ့ပျော့ပျောင်းစေပါတယ်။

(၂) နှင်းခူနှင့်ဆိုရီးယေးစစ် အရေပြားပြဿနာများ သက်သာစေခြင်း

နှင်းခူနဲ့ဆိုရီးယေးစစ် စတဲ့ အရေပြားပြဿနာ ဖြစ်တဲ့နေရာတွေကို ရှားစောင်းလက်ပပ်အနှစ် လိမ်းပေးရင် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၃) အကောင်ကိုက်ခံရခြင်း

အကောင်ကိုက်ခံရလို့ နာကျင်နေတဲ့ အရေပြားကို ရှားစောင်းလက်ပပ်အနှစ်လိမ်းပေးပါ။

(၄) အစက်အပျောက်နှင့် ဝက်ခြံများကို လျော့ပါးစေခြင်း

အစက်အပျောက်တွေနဲ့ ဝက်ခြံတွေကို ရှားစောင်းလက်ပပ်အနှစ်တွေကို သုတ်လိမ်းပေးရင် ယာယီအနာကျက်ကာ လျော့ပါးစေပါတယ်။

(၅) ခြေထောက်မှိုစွဲမှုကို သက်သာစေခြင်း

ခြေချောင်းတွေကြား မှိုစွဲနေတာကို ဖန်းဂတ်စ်မှိုသေစေတဲ့ ရှားစောင်းလက်ပပ်အနှစ်ကို လိမ်းပေးပါ။

(၆) ဓားရှရာနှင့် ခြစ်ရာများကို သက်သာစေခြင်း

ရှရာ၊ ခြစ်ရာ စတာတွေကို မြန်မြန်အနာကျက်သွားအောင် ရှားစောင်းလက်ပပ်အနှစ်လိမ်းပေးပါ။

(၇) အပူလောင်ဒဏ်ရာကို သက်သာစေခြင်း

အပူလောင်ဒဏ်ရာငယ်တွေကို ရှားစောင်းလက်ပပ်အနှစ်လိမ်းပေးရင် နာကျင်မှု ချက်ချင်းလျော့ပါးကာ မြန်မြန်သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top