Healthy Life Ad
Health Tips

၀မ်းအရောင်ပြောင်းလဲရင် စိုးရိမ်သင့်သလား . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဝမ်းအရောင်ဟာ တစ်နေ့နဲ့တစ်နေ့ အကြီးအကျယ် ပြောင်းလဲနေနိုင်ပါတယ်။ အညိုရောင်သမ်းတဲ့ ဝမ်းအရောင်ဆိုရင် ပုံမှန်ပဲလို့ ဆိုနိုင်ပါတယ်။ ဝမ်းအရောင်က ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေရင်တော့ ဒါဟာ အူအခြေအနေအပေါ် သိသိသာသာ သက်ရောက်မှုရှိနေပါတယ်။ ဝမ်းအရောင်က ကိုယ်စားသောက်တဲ့ အစားအသောက်နဲ့ ဆက်စပ်နေနိုင်သလို အဆီတွေကို ချေဖျက်ပေးတဲ့ စိမ်းဝါရောင်သည်းခြေရည်တွေနဲ့လည်း ဆက်စပ်နေပါတယ်။ သည်းခြေရည်တွေဟာ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် ဖြတ်သွားတာကြောင့် အင်ဇိုင်းတွေကြောင့် ပြောင်းလဲသွားရာက ဝမ်းအရောင်ဟာ အစိမ်းရောင်ကနေ အညိုရောင်အထိ ဖြစ်သွားနိုင်ပါတယ်။

သင့်အနေနဲ့ ဝမ်းအရောင်ပြောင်းလဲနေရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ ဝမ်းအရောင်က သွေးပါကြောင်းဖော်ပြနေတဲ့ အနီရောင်ရင့်ရင့် ဒါမှမဟုတ် အနက်ရောင်ဖြစ်နေရင် ဆေးပညာအကူအညီကို ချက်ချင်းခံယူဖို့ လိုပါတယ်။

ဝမ်းအရောင်က အစိမ်းရောင်သမ်းနေပါက ဝမ်းပျက်ဝမ်းလျှောတာလို အခြေအနေမျိုးမှာ အစားအစာတွေက အူမကြီးကနေတစ်ဆင့် ရွေ ့လျားနေပါတယ်။ ရလဒ်အနေနဲ့ သည်းခြေရည်ဟာ အစားအစာတွေကို ကောင်းကောင်းချေဖျက်နိုင်ဖို့ အချိန်မရှိတော့ပါဘူး။ ဒါဟာ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ သံဓာတ်အားဖြည့်ဆေး စတာတွေကို အများအပြား မှီဝဲတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

အဖြူရောင် ဒါမှမဟုတ် ရွှံ့ရောင်ဝမ်းသွားတာဟာ ဝမ်းထဲမှာ သည်းခြေရည် မပါဝင်တာကြောင့်ပါ။ ဒါဟာ သည်းခြေပြွန်ပိတ်ဆို့မှုကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းပိတ်ဆေးတွေလို ဆေးဝါးတချို့ကြောင့်လည်း အဖြူရောင်ဝမ်းသွားတတ်ပါတယ်။

အမည်းရောင်ဝမ်းတွေကတော့ အစာအိမ် ဒါမှမဟုတ် အစာရေမျိုပြွန်ထဲမှာ သွေးထွက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သံဓာတ်အားဖြည့်ဆေးလို ဆေးဝါးတွေသောက်တာကြောင့်လည်း အမည်းရောင် ဝမ်းသွားတတ်ပါတယ်။

အနီရောင်ဝမ်းသွားတာကတော့ အစာဟောင်းအိမ်ထဲမှာ သွေးထွက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဆေးဝါးတချို ့ သောက်သုံးတာနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

Most Popular

Healthy Life Ad
To Top