Healthy Life Ad
Health Tips

ဆရာဝန်ရဲ ့ ညွှန်ကြားချက်မပါဘဲ မိမိဘာသာ ဆေးကုခြင်းကြောင့် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ

———၊ လရိပ်မေ ၊———

အအေးမိတယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်ဆိုရင် ဆရာဝန်ရဲ ့ညွှန်ကြားချက်ကို မခံယူဘဲ မိမိဘာသာ ဆေးဝယ်သောက်နေတဲ့သူတွေ အများကြီးရှိပါတယ်။ တချို ့သူတွေက သူတို့ဖျားစဉ်က သောက်ခဲ့တဲ့ဆေးတွေကို သူငယ်ချင်းတွေဖျားတဲ့အခါ ပြန်ညွှန်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလို ဆရာဝန်ဆီမသွားဘဲ မိမိသဘောအလျောက် ဆေးဝယ်ပြီးသောက်တာကြောင့် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

အိပ်မပျော်ခြင်း

မိမိဘာသာ ဆေးဝယ်သောက်သူတွေမှာ အဖြစ်များတဲ့ပြဿနာက အိပ်မပျော်တာပါ။ ဒါက အိပ်စက်မှုဆိုင်ရာ ဝေဒနာတစ်ရပ်ဖြစ်ပြီး ရက်ပေါင်းများစွာ အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်မပျော်တာကြောင့် ကိုယ်သိတဲ့အိပ်ဆေးတွေကို မိမိဘာသာဝယ်သောက်မယ်ဆိုရင် ဆေးကိုမှီခိုနေရတဲ့သဘောမျိုး ဖြစ်သွားနိုင်ပါတယ်။

အရေပြားပြဿနာများ

မိမိဘာသာ ဆေးဝယ်သောက်တာကြောင့် ဖြစ်တတ်တဲ့ပြဿနာက ဆေးရဲ့တုန့်ပြန်မှုကြောင့် အရေပြားပြဿနာတွေပေါ်တာနဲ့ ဓာတ်မတည့်မှု ဖြစ်တာတွေပဲ ဖြစ်ပါတယ်။ မိမိဘာသာ ဆေးကုတာကြောင့် ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေက အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားယံတာနဲ့ နီမြန်းတာတို့ပဲ ဖြစ်ကြပါတယ်။

စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျတဲ့လူနာအများစုဟာ စိတ်အပန်းပြေအောင် ဆေးတွေကို ကိုယ့်ဘာသာ ဝယ်သောက်တတ်တဲ့ အလေ့အထရှိပါတယ်။ ဆရာဝန်ကိုမပြဘဲ စိတ်အပန်းပြေအောင်၊ စိတ်ဓာတ်ကျတာ သက်သာအောင် ဆေးတွေသောက်ရင်းနဲ့ ဆေးတွေကို အလွန်အမင်း စွဲလမ်းသွားတာမျိုး ဖြစ်တတ်ပြီး နောက်ပိုင်းမှာ ပိုမိုစိတ်ဓာတ်ကျလာတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top