Healthy Life Ad
Health Tips

မှန်ကန်တဲ့ အနေအထားနဲ့ အိပ်စက်ရအောင်

———၊ လရိပ်မေ ၊———

အိပ်ရေးဝ၀ အိပ်မောကျဖို့ရာအတွက် အိပ်စက်အနားယူတဲ့ အနေအထားကလည်း မှန်ဖို့လိုအပ်ပါတယ်။

(၁) မမှန်ကန်သည့် အနေအထား

ကျောပြင်ပေါ်မှာ ပက်လက်အနေအထားနဲ့ လှဲလျောင်းတာက ခါးနောက်ကျောနာကျင်တဲ့ ဝေဒနာကို ခံစားရစေပါတယ်။

alignnone size-full wp-image-59321
မှန်ကန်သည့် အနေအထား

ပက်လက်အိပ်စက်မယ်ဆိုရင် ပေါင်နဲ့ ခါးအောက်မှာ စောင်ပါးပါး ဒါမှမဟုတ် ခေါင်းအုံးပါးပါး ခံထားပြီးမှ အိပ်စက်သင့်ပါတယ်။

(၂) မမှန်ကန်သည့် အနေအထား

ခေါင်းအုံးထူထူ၊ ခေါင်းအုံးမာမာနဲ့ အိပ်စက်တာက လည်ပင်း၊ လက်မောင်းနဲ့ ပခုံးတွေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။

alignnone size-medium wp-image-59322
မှန်ကန်သည့် အနေအထား

ဦးခေါင်းအောက်မှာ ခေါင်းအုံးခံထားရုံသာမက ခြေတံကောက်ကြောအောက်မှာပါ ခေါင်းအုံး ဒါမှမဟုတ် စောင်ထူထူခံပြီး အိပ်ပေးပါ။ ဒါဆိုရင် ဒူးတွေကို သက်သောင့်သက်သာဖြစ်စေပြီး အိပ်ရတာ အဆင်ပြေစေပါတယ်။

(၃) မမှန်ကန်သည့် အနေအထား

မှောက်လျက်အိပ်တဲ့အခါ ခါးနောက်ကျောကို နာကျင်စေပြီး လည်ပင်းနဲ့ ပခုံးတွေကို ဒဏ်ဖြစ်စေပါတယ်။

alignnone size-medium wp-image-59323
မှန်ကန်သည့် အနေအထား

မှောက်လျက် အိပ်စက်အနားယူလိုက်ရင် ဖက်တုံးကိုခွပြီး ကိုယ်ခန္ဓာကို အလိုက်သင့်ထားကာ အိပ်စက်ပေးပါ။

(၄) မမှန်ကန်သည့် အနေအထား

ဘေးတစောင်းအိပ်တဲ့အခါ ပုံမှန်အနေအထားအတိုင်း အိပ်စက်ရင် ခါး၊ ခြေသလုံးနဲ့ ပေါင်ကြောကို နာကျင်ကိုက်ခဲမှုဒဏ် ဖြစ်စေပါတယ်။

alignnone size-medium wp-image-59326
မှန်ကန်သည့် အနေအထား

ဘေးတစောင်းအိပ်တဲ့အခါ ဖက်တုံးကို ခြေထောက်ကြားမှာထားပြီး အိပ်စက်ပေးပါ။

alignnone size-full wp-image-59325
(၅) ခေါင်းအုံး

အိပ်ရာပေါ်မှာ အနားယူတာ ဒါမှမဟုတ် စာအုပ်ဖတ်တာတွေလုပ်ရင် ခေါင်းအုံးတွေကိုသုံးပြီး ခုခံပေးတဲ့နည်းနဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ထားပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top