Healthy Life Ad
Health Tips

ညတိုင်း အိပ်ရေးဝ၀ အိပ်မောကျစေမည့် နည်းလမ်းကောင်း ၇ သွယ်

———၊ ငွေစင်ကြယ်ယံ ၊———

ညဘက် အိပ်မပျော်သူတွေ၊ ညဘက်အိပ်ပေမယ့် အိပ်ရေးမဝသူတွေ ညတိုင်း အိပ်ရေးဝ၀ အိပ်မောကျစေမယ့် နည်းလမ်းကောင်း ခုနစ်ရပ်ကို မျှဝေလိုက်ပါတယ်။

(၁) ည ၁၀ နာရီခွဲနောက်ဆုံးထားပြီး အိပ်ရာဝင်ပါ

ညဉ့်နက်တဲ့အထိ ဘယ်တော့မှ မနေပါနဲ့။ ညတိုင်း အချိန် ၁၀ နာရီခွဲ နောက်ဆုံးထားပြီး အိပ်ရာဝင်သင့်ပါတယ်။

(၂) အမူအကျင့်တစ်ရပ် ထားရှိပါ

သွားတိုက်တာ၊ မျက်နှာသစ်တာ၊ စာဖတ်တာ၊ ဘုရားရှိခိုးတာ၊ တရားထိုင်တာ စတဲ့ အမူအကျင့်တွေကို ညအိပ်ရာဝင်ခါနီးမှာ လုပ်ဆောင်ပါ။ အဲဒီလိုလုပ်လိုက်ရင် စိတ်က အိပ်ရာဝင် အပန်းဖြေဖို့ အဆင်သင့်ဖြစ်သွားတတ်ပါတယ်။

(၃) အိပ်ခန်းကို အေးမြတိတ်ဆိတ်အောင် ထားပါ

အိပ်ခန်းကို ညအိပ်မီးသီးပဲ ဖွင့်ထားပြီး အေးမြတိတ်ဆိတ်အောင် ထားပေးပါ။ မျက်လုံးအကာ (Eye Mask)တပ်ထားသင့်ပါတယ်။

(၄) မျက်စိကြောင်စေတဲ့ အရာတွေကို ရှောင်ပါ

အိပ်ရာဝင်ခါနီးအချိန်မှာ ကဖင်းပါတဲ့ အစားအသောက်တွေ စားသောက်တာ၊ အရက်အလွန်အမင်း သောက်တာတို့ကို ဆင်ခြင်သင့်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ

နေ့စဉ်နေ့တိုင်း မိနစ် ၃၀-၆၀ ခန့် လေ့ကျင့်ခန်းလုပ်ပါ။ သင့်ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်လာတဲ့အခါ အိပ်ရေးဝ၀ အိပ်မောကျသွားပါလိမ့်မယ်။

(၆) အိပ်ရာမဝင်ခင် ၃ နာရီအလိုမှာ အစာစားတာကို ရှောင်ပါ

ညဘက် အိပ်ရာမဝင်ခင် အချိန် ၃ နာရီအလိုမှာ အစာစားတာကို ရှောင်ကြဉ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top